သတင်းများ

ကျောက်ဆည်မြို့၌ သဘာဝဘေးကြိုတင်သတိပေးစနစ်နှင့်သဘာဝဘေးဆိုင်ရာသင်တန်း ဖွင့်လှစ်
Dec 11,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမတွင် ဖြစ်ပေါ်လာသည့်သဘာဝဘေးများကို ပြည်သူများကြိုတင်သိရှိနိုင်ရန် ရည်ရွယ်၍ ကြိုတင်သတိပေးစနစ်နှင့်သဘာဝဘေးဆိုင်ရာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံစုံ (၁၁၀၈၄) ဧက စိုက်ပျိုးပြီးဖြစ်
Dec 11,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် ဆောင်းသီးနှံစုံ (၁၁၀၈၁) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ပေါင်းတည်၌ ပြည်သူအားလုံးပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 11,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရန်ကုန်-ပြည်လမ်းနှင့်ဘုရားကြီးလမ်းဆုံ လူစည်ကားရာ‌ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး P-Fizer ဆက်လက်ထိုးနှံ
Dec 11,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး P-Fizer ကိုဒီဇင်ဘာ ၁၀ ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် မဲရုံပြုလုပ်မည့်နေရာများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Dec 11,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ မဲရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဉာဏ်စမ်းပြိုင်ပွဲ ပြုလုပ်
Dec 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်​ ယနေ့မွန်းလွဲ ၁ နာရီက ဉာဏ်စမ်းပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ (၁၈)ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာ စုပေါင်း “ခါးထောင်းဖါး” ပွဲတော်ကျင်းပ
Dec 11,2025
‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၈)ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာ စုပေါင်း“ခါးထောင်းဖား” ပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက ပါလျှံ(၁)၊ ရန်အောင်မြေရပ်ကွက် တာ့ဟွာတရုတ်ဘုံကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ကလောမြို့နယ်၊‌ အင်း‌ခေါင်းကျေးရွာရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Dec 11,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီခွဲက အင်းခေါင်းကျေးရွာ၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်မင်္ဂလာခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။