သတင်းများ

မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်မတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများ ခင်းကျင်းပြသ
Dec 11,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်တွင် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်း ဖွင့်လှစ်
Dec 11,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာ၊ သရက်တော‌ပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်လှစ်ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ကျေးသီးမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ အကြိုကွင်းဆင်းဆေးကုသ
Dec 11,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် (၂၄)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကျေးသီးမြို့၊ တိုင်းရင်းဆေးပညာဦးစီးဌာန (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ အကြိုကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့နံနက်(၉)နာရီတွင် ကန်ပန်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းကုသခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ​ပန်းချီပြိုင်ပွဲများကျင်းပ
Dec 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ​ရွှေရတုခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့်​ ပန်းချီပြိုင်ပွဲများကို ယမန်​နေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 11,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲအား ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဝေါမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အဗျားအထက်စု၌ ကျင်းပပြုလုပ်ခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ပြုလုပ်
Dec 11,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းအပတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကရင်လူငယ်မောင်မယ်များက ကရင်အမျိုးသားနှစ်သစ်ကူးအကြို နှုတ်ခွန်းဆက်တေးသီချင်းများ လှည့်လည်ဖျော်ဖြေ
Dec 11,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်လူငယ်မောင်မယ်များက ကရင်အမျိုးသားနှစ်သစ်နေ့အကြို နှုတ်ခွန်းဆက်တေးသီချင်းများ လှည့်လှည်ဖျော်ဖြေပေးခြင်းကို ယမန်နေ့ည (၆) နာရီက လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များအတွင်း တေးသီချင်းများ လှည့်လည်ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။