သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံး တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦးဆောင်၍တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အဖွဲ့ဝင်များက ယနေ့နံနက် ၇နာရီခွဲအချိန်မှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်စည်ပင်သာယာဈေးအတွင်း/အပြင်နှင့် မြိတ်-ထားဝယ်ကားလမ်းမပေါ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။