သတင်းများ

ငပုတောမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေးစစ်ဆေး
Dec 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမည့်မဲရုံများအား ဒီဇင်ဘာလ (၁၅)ရက်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Dec 17,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အမှတ် (၂) အခြေခပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့၌ မဲရုံတည်နေရာများ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Dec 17,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံတည်နေရာများ မီးဘေးကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်၌ အဓိကသီးနှံပန်းတိုင်အထွက်နှုန်း သတ်မှတ်သီးနှံများအား စစ်တမ်းကောက်ယူ
Dec 17,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ အဓိကသီးနှံပန်းတိုင်အထွက်နှုန်း သတ်မှတ်သီးနှံများ ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲအချိန်ကစတင်၍ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျောင်းကုန်းမြို့၌ "ဒို့အတူတူ မဲပေးကြမယ်"  မြေစိုက်ပိုစတာစိုက်ထူ
Dec 17,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်စေရေး ကျောင်းကုန်း မြို့ထိပ်၌ "ဒို့အတူတူ မဲပေးကြမယ်"မြေစိုက်ပိုစတာစိုက်ထူပွဲကို ဒီဇင်ဘာလ(၁၅)ရက်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေး    
Dec 17,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမနှင့် မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနခွဲများတွင် ပြည်သူလူထုအခြေပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းမရရှိသည့် အကြောင်းအရာများကို ကွင်းဆင်းစစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေး
Dec 17,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာရှိ ပန်းတိုင်သီးနှံများ ပန်းတိုင်အထွက်နှုန်းမရရှိသည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းမရရှိသည့် အကြောင်းအရာများကို အမရပူရမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကွင်းတာဝန်ခံများကဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ကွင်းဆင်းစစ်တမ်းကောက်ယူလျက်ရှိသည်။
ရမည်းသင်းခရိုင်၌ ကောက်ရိုးထုံးစက် အသုံးပြုနည်း လက်တွေ့ကွင်းသရုပ်ပြ
Dec 17,2025
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန အမှတ်(၂၈) စက်မှုလယ်ယာစခန်း ရမည်းသင်းမြို့မှ (Round Baler) ကောက်ရိုးထုံးစက်ဖြင့် လက်တွေ့ကွင်း သရုပ်ပြပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက အင်ကြင်းကန်ကျေးရွာ တောင်သူဦးဇော်၏ လယ်မြေ၌ ကျင်းပသည်။