ဒေးဒရဲမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Mar 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စတင်၍ ဒေးဒရဲမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးများ နှင့်လူစည်ကားရာနေရာများတွင် စနစ်တကျလက်ဆေးနည်း အသိပညာပေးစာစောင်များကပ်၍ လက်ဆေးဘေစင်များထားရှိ ပေးခြင်း၊ ဒေးဒရဲမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ခရီးသွားများအား ကိုယ်အပူချိန်တိုင်းတာ ပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ