သတင်းများ

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် မြန်မာ့ရိုးရာ အခြေခံကဗျာလွတ်အကသင်တန်းဆင်းပွဲ ကျင်းပ
Mar 19,2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မြန်မာ့ရိုးရာ အခြေခံကဗျာလွတ် အကသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 19,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ပြည်သူများ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ၊ ရောဂါ ကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှပေးခြင်းကို ယနေ့ နံနက်(၉)နာရီက လှည်းကူး-ဒါးပိန်လမ်းမ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ရုံး ရှေ့တွင် အသိပညာပေးလုပ်ငန်းများအား ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကံပွင့်မိသားစုမှ ဥက္ကံကျေးရွာသို့ သောက်သုံးရေများလှူဒါန်း
Mar 19,2020
ရေစကြိုမြို့နယ် ဥက္ကံကျေးရွာသို့ ယနေ့ နံနက် ၉ နာရီက ကံပွင့်မိသားစုမှ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Mar 19,2020
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ် ပြဘုတ်တွင် ယနေ့ ပြသထားကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ပခုက္ကူမြို့နယ်တွင် ဖြန့်ဝေ
Mar 19,2020
ပခုက္ကူမြို့နယ် ကျန်းမာရေးဌာနနှင့် ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ COVID-19 ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများကို ယနေ့ နံနက် (၉)နာရီက ပခုက္ကူမြို့၌ဖြန့်ဝေခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်
Mar 19,2020
ချင်းပြည်နယ်၊ ကျီခါးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင် ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ကျီခါးမြို့ပေါ်ရပ်ကွက်များ၌ အိမ်တိုင်ရာရောက် ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။
တာချီလိတ်၌ ကိုရိုနာဗိုင်းရပ်စ် ကြောင့် အလုပ်အကိုင်ပြပွဲ ရွှေ့ဆိုင်း
Mar 19,2020
တာချီလိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့၌ ကျင်းပရန်စီစဉ်ထားသည့် အလုပ်အကိုင်ပြပွဲကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ အသိပညာဆွေးနွေးပွဲ သထုံတွင် ပြုလုပ်
Mar 19,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။