သတင်းများ

ကြို့ပင်ကောက်မြို့တွင် အများပြည်သူသုံးဆိုလာမီးလင်းရေးလုပ်ငန်း ကျေးရွာလေးရွာတွင် ဆောင်ရွက်ပြီးစီး
Mar 14,2020
သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ကျေးလက်ဒေသ မီးစလင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာလေးရွာတွင် အများပြည်သူသုံး ဆိုလာမီးလင်းရေးလုပ်ငန်းများကို ဇန်နဝါရီလက ရာနှုန်းပြည့်တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။
မယ်စဲ့ဘီပီ(၁၃)ဂိတ်နှင့် ဘီပီ(၁၄)နယ်စပ်ဂိတ်တို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Mar 14,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ ဝင်ပေါက်/ထွက်ပေါက်ဖြစ်သည့် မယ်စဲ့ဘီပီ(၁၃)ဂိတ်နှင့် ဘီပီ(၁၄)နယ်စပ်ဂိတ်တို့တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်မွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်၊ ကပ္ပလိပ်ကျေးရွာရှိ ထန်းကုလားထိုင် ထုတ်လုပ်ရောင်းချသူများ လုပ်ငန်းအဆင်ပြေလျက်ရှိ
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကပ္ပလိပ်ကျေးရွာတွင် မုံရွာမြို့နယ်ဘက်မှ လာရောက် လုပ်ကိုင်နေသော ထန်းကုလားထိုင် ထုတ်လုပ်ရောင်းချသူများ အရောင်းအဝယ် အဆင်ပြေကြောင်း သိရသည်။
ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်းကျေးရွာများသို့ ပြင်ပစာရင်းစစ်မှ ကွင်းဆင်းစစ်ဆေး
Mar 14,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အီတလီချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း၊ စတုတ္ထနှစ်စက်ဝန်း) ကျေးရွာများဖြစ်သော သီးကုန်းကျေးရွာနှင့် တောင်ဘို့ကြီးကျေးရွာသို့ ပြင်ပစာရင်းစစ် BOD Cambodia အဖွဲ့မှ Mr.Phan Darasy နှင့် ဒေါ်နန်းနှင်းသက်ထွေးတို့သည် ယမန်နေ့က ဝယ်ယူရေး၊ ဘဏ္ဍာရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မှတ်တမ်းဖိုင် ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။
ကျွန်းလှတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း (၆၅၀)ဆဋ္ဌမအကြိမ် ထုတ်‌ချေး
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သံဘို/ဆားကျင်းကျေးရွာတွင် ယမန်နေ့ နံနက်နက်(၁၀)နာရီက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း(၆၅၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မူဆယ်မြို့နယ်မှ မူဆယ်မြို့၊ စာစစ်ဌာနသို့ တက္ကသိုလ်ဝင်တန်းလာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ကြေးပေးအပ်
Mar 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ မုံးကိုးမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မန့်ဟီးရိုးမြို့နှင့် မုံးပေါ်ဒေသတို့မှ မူဆယ်မြို့၊ စာစစ်ဌာနသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က သွားရောက် ထောက်ပံ့ပေးအပ်သည်။
ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်းကျေးရွာများသို့ ပြင်ပစာရင်းစစ်မှ ကွင်းဆင်းစစ်ဆေး
Mar 14,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အီတလီချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း၊ စတုတ္ထနှစ်စက်ဝန်း) ကျေးရွာများဖြစ်သော သီးကုန်းကျေးရွာနှင့် တောင်ဘို့ကြီးကျေးရွာသို့ ပြင်ပစာရင်းစစ် BOD Cambodia အဖွဲ့မှ Mr.Phan Darasy နှင့် ဒေါ်နန်းနှင်းသက်ထွေးတို့သည် ယမန်နေ့က ဝယ်ယူရေး၊ ဘဏ္ဍာရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မှတ်တမ်းဖိုင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။
ကျွန်းလှတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း (၆၅၀)ဆဋ္ဌမအကြိမ် ထုတ်‌ချေး
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သံဘို/ဆားကျင်းကျေးရွာတွင် ယမန်နေ့ နံနက်နက်(၁၀)နာရီက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း(၆၅၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။