လှည်းကူးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်ရောဂါ (COVID-19) နှင့် ပတ်သက်၍ အသိပညာပေးဟောပြော
Mar 14,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် ကိုရိုနာဗိုင်း(စ်)ကူးစက်ရောဂါ(COVID-19) သံသယရှိလူနာများအား ကျန်းမာရေးစောင့်ရှောက်နိုင်ရန် ကွင်းဆင်းကြည့်ရှု ခဲ့မှုအပေါ် မတ်လ(၁၄)ရက်နေ့တွင် စုပေါင်းလမ်းလျှောက်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဖိတ်စာများဖြန့်ဝေခဲ့မှု နှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေးနှင့် အယူအဆလွဲမှားမှု မရှိစေရန်အတွက် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို မတ်လ (၁၃)ရက် မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။