ဒေသခံတောင်သူများ နွေသီးနှံစိုက်ပျိုးရေ အပြည့်အဝရရှိစေရန် ရေပေးဝေသည့် လက်တံမြောင်းများ ကောင်းမွန်ရေး စုပေါင်းရှင်းလင်းဆောင်ရွက်
Mar 14,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် နွေသီးနှံများ စတင်စိုက်ပျိုးဆောင်ရွက်နေပြီဖြစ်ရာ စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေးအတွက် ယမန်နေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ်အတွင်း မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေသည့် တောင်မုန်းမြောင်းမကြီး၏ လက်တံ(၁၁)ခွဲ မြောင်းအတွင်းရှိ ပိတ်ဆို့နေသည့် ရေမိတ်များနှင့် ရေလက်တံမြောင်း(ဝဲ ၊ ယာ)ရှိ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။