သတင်းများ

ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကွင်းဆင်းကြည့်ရှု
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ် လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်(၉)နာရီက ရွှေလှေကျေးရွာတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နွေရာသီသောက်သုံးရေဖူလုံစေရေး သောက်သုံးရေကန်ကြီး ပြန်လည် တူးဖော်
Mar 14,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နှစ်စဉ်နွေရာသီကာလအတွင်း သောက်သုံး ရေကန်များ ခမ်းခြောက်လျက်ရှိရာ ဒေသခံပြည်သူများ ရေရှားပါးမှုမှ ကင်းဝေးစေရေးနှင့် သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၏ မတည်လှူဒါန်းမှုဖြင့် ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများမှ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း(၁၃၀)ဖြင့် ကျေးရွာတောင်ဘက်ခြမ်း၌ သောက်သုံးရေကန်ကြီးအား ပြန်လည်တူးဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေး‌ အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်
Mar 14,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးအတွက် ရည်ရွယ်၍ အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ဒုရဲမှူး မြင့်အောင် ဦးစီးပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မတ်လ ၁၂ ရက်နေ့ မှ စတင်ပြီး ရက်သတ္တပတ် အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုက်ဒုံမြို့တွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 14,2020
ကျိုက်ဒုံ မတ် ၁၄ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယနေ့ နံနက် ၈ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦး၊ နယ်မြေစခန်းမှူး ရဲအုပ်ထွန်းနေဦး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဆုဝေနှင့် အဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များက (၂၀၂၀)ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် ရပ်ဝေးရပ်နီးမှလာရောက်၍ တည်းခိုနေကြသော ကျိုက်ဒုံမြို့ တိဿာရာမ စာသင်တိုက်တောင်ပေါ်ကျောင်း၊ ဇေတိကရုံ ဘုန်းကြီးကျောင်း၊ ကျိုက်မဂ္ဂီ ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံများတွင် သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကိုရိုနာ ဗိုင်းရပ်စ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။ ဟောပြောပွဲတွင် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်မှ အမှာစကားပြောကြားပြီး တိုက်နယ် ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးမှ ကျောင်းသား ကျောင်းသူများအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ(2019-nCoV)နှင့် ပတ်သက်၍ သိကောင်းစရာများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများ၊ မိမိကိုယ်မိမိ သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်၍ ကုသမှုခံယူကြရန်၊ လူစုလူဝေးနေရာများ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်စသည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး သည်။ မိခင်နှင့်ကလေးစောင့်ရှောက်အသင်းများနှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများ၊ တာဝန်ရှိသူများက လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက် သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ အဆိုပါအဖွဲ့များသည် ကျိုက်ဒုံမြို့ စည်ပင်ဦးစီးမှူးနှင့်ပူးပေါင်း၍ မြို့မဈေး၌ ဈေးရောင်း ဈေးဝယ်နေကြသည့် ပြည်သူများအား အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ သန်းထွန်းနိုင်(ပြန်/ဆက်)
အကြိုအခြေခံ မီးသတ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 14,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက် မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် အကြိုအခြေခံ မီးသတ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
မြစ်ကြီးနားမြို့နယ်အား သန့်ရှင်းသပ်ရပ်သာယာလှပသော မြို့ပြစနစ်ထူထောင်ရေး (One State One Township) အကောင်အထည်ဖော်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Mar 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အား သန့်ရှင်းသပ်ရပ်သပ်ရပ်သာယာ လှပသော မြို့ပြစနစ် ထူထောင်ရေး (One state One Township) အကောင်အထည်ဖော်ရေးအတွက် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီခွဲတွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင် ရပ်ကွက် မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။