သတင်းများ

တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောပွဲနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာ လိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း အစီအစဉ် အခမ်းအနား ရိခေါ်ဒါရ်၌ ပြုလုပ်
Mar 12,2020
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တိုင်းရင်း သားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ် အခမ်း အနားကို ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ်စာပညာဒါနသင်တန်းဖွင့်လှစ်
Mar 12,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အင်္ဂလိပ်သဒ္ဒါ ၊ အင်္ဂလိပ်စကားပြောစွမ်းရည်သင်တန်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရေး အသိပညာပေးဟောပြော
Mar 12,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းအဖြစ် ဦးစားပေးဆောင်ရွက်နေသည့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဘားအံခရိုင် (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့တွင် ဖြေဆိုသူ ( ၁၂၇၄၃၈ )ဦး ဝင်ရောက်ဖြေဆို
Mar 12,2020
မန္တလေးတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတ်လ ၁၂ရက် ဒုတိယနေ့ (အင်္ဂလိပ်စာဘာသာ)ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ ( ၁၂၇၄၃၈ )ဦးဝင်ရောက်ဖြေဆိုကြောင်းနှင့် ပျက်ကွက်သူ ( ၆၁၂၆) ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ဒဂုံမြို့နယ် တပ်မတော်ခန်းမ၌ ထိုင်းနိုင်ငံမှ အရည်အသွေးမြင့် ကုန်ပစ္စည်းအရောင်းပြပွဲ ဖွင့်လှစ်
Mar 12,2020
ထိုင်းနိုင်ငံမှ ထုတ်လုပ်သော အရည်အသွေးမြင့် ကုန်ပစ္စည်းအရောင်းပြပွဲ Top Thai Brands 2020 Yangon ကို Department of International Trade Promotion (DITP)မှ ကြီးမှူး၍ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်၊ တပ်မတော်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စတင်ဖွင့်လှစ် ရောင်းချပေးပြီးဖြစ် ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း ဓါတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်ရေး ဆွေးနွေးဟောပြောပွဲကျင်းပ
Mar 12,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချ လျက်ရှိသော ဓါတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ် နည်းများနှင့်အညီ ဖြန့်ဖြူရောင်းချနိုင်ရေး ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပန်းတနော်မြို့၌ နွေရာသီအခြေခံအားကစားနည်းသင်တန်း အခမဲ့ဖွင့်လှစ်
Mar 12,2020
ပန်းတနော် မတ် ၁၂ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခမဲ့ အခြေခံ အားကစားသင်တန်းကို အားကစားနည်း(၅)နည်းဖြင့် မတ်လ(၁၁) ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ မြို့နယ်အားကစားကွင်း၊ အားကစားခန်းမ၌ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ဆောမြို့၌ လူထုအခြေပြု တီဘီရောဂါကာကွယ်ရေးစီမံချက် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 12,2020
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း (NTP) တို့ ပူးပေါင်း ဖွင့်လှစ်သော ၂၀၂၀ ပြည့်နှစ် လူထုအခြေပြု တီဘီရောဂါကာကွယ်ရေးစီမံချက် တီဘီရောဂါ တိုက်ဖျက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆောမြို့ ပြည်သူ့ဆေးရုံ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။