သတင်းများ

ဝမ်းတွင်း မတ် ၁၃ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများအနေဖြင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ကြုံတွေ့လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်၍ အကူအညီများ တောင်းခံနိုင်ပါကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁) ဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
မြင်းခြံ၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) အသိပညာပေး ဟောပြောပွဲပြုလုပ်
Mar 13,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကူးစက်ရောဂါစောင့်ကြည့်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းအဖြစ် ဦးစားပေးဆောင်ရွက်နေသည့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀) နာရီ အချိန်တွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
"ကိုရိုနာဗိုင်းရပ်စ်​​ရောဂါ၊ လူမှုမီဒီယာနှင့် သဘာဝ​ဘေးအန္တရာယ်အ​ကြောင်း သိ​ကောင်းစရာများ ဟော​ပြောပွဲ ကွင်းဆင်းဆောင်ရွက်
Mar 13,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူး​ပေါင်း၍ အသိပညာ​ပေး​ဟော​ပြောပွဲကို ယ​နေ့ မွန်းလွဲ (၁) နာရီ အချိန်က ​ဝေဠုဝန်​ဘုန်း​တော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
လယ်ဝေးမြို့တွင် နွေရာသီရေရှားပါးသည့် ကျေးရွာများသို့ ရေပေးဝေလျက်ရှိ
Mar 13,2020
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နွေရာသီ ရေရှားပါးသည့် ကျေးရွာများသို့ ယမန်နေ့ မှစတင်၍ အပတ်စဉ် ကြာသာပတေးနှင့် သောကြာနေ့ များတွင် နံနက် ၁၀ နာရီမှစပြီး သောက်သုံးရေများ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။
ကုန်ညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ မတ်လ(၁၆)ရက်နေ့တွင် စတင်အသက်ဝင်မည်
Mar 13,2020
ကုန်ညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များသည် မတ်လ(၁၆)ရက်နေ့တွင် စတင်အသက်ဝင်တော့မည်ဖြစ်ရာ လိုက်နာခြင်းမရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြစ်မှုအရ အရေးယူဆောင်ရွက်ရမည့် အနေအထားရှိလာနိုင်မည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန (နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်၏ ပြောကြားချက်အရ သိရသည်။
တံတားမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများအား အအေးဘူးများ လှူဒါန်း
Mar 13,2020
၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် စတင်ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တံတားမြို့ စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာဖြင့် သင်္ချာဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိကြသည်။
သန်လျင်မြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ COVID 19 ရောဂါ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 13,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကုတင် ၂၀ဝဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် COVID 19 ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါဆေးရုံရှိနားနေဆောင်၌ ကျင်းပသည်။
မိုးမိတ်မြို့၌ တီဘီရောဂါအခမဲ့စစ်ဆေးပေး
Mar 13,2020
တီဘီရောဂါ အခမဲ့စစ်ဆေးပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့ ရွှေတောင်ဦးဘုရားဓမ္မာရုံတွင် လားရှိုးပြည်သူ့ကျန်မာရေးစီးဌာနမှ ဒေါက်တာ ဆမ်ခွန်းနပ် ဦးဆောင်သော (Team Leader)အဖွဲ့မှ လာရောက်၍ ယနေ့ နံနက် ၈ နာရီမှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။