သတင်းများ

ကန်ကြီးထောင့် မတ် ၁၂ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော ကျေးရွာ ခုနှစ်ရွာအား ဂုဏ်ပြု
Mar 12,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာကားလမ်းတွင် ယနေ့ နံနက် ၆ နာရီအချိန်ခန့်က ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဆရာတော်တစ်ပါး အခင်းဖြစ်ရာနေရာ၌ ပျံလွန်တော်မူကာ၊ အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီနယ်မြေရဲကင်းစခန်းမှ သိရသည်။
ကော့သောင်းမြို့မှ ပင်လယ်ငါးဖမ်းထွက်မည့် ရေလုပ်သားများအား အသိပညာပေးဟောပြော
Mar 12,2020
ကော့သောင်းမြို့မှ ပင်လယ်ငါးဖမ်းထွက်မည့် ရေလုပ်သားများအား ကော့သောင်းမြို့၊ ကမ်းနီးကုမ္ပဏီဇုံ စစ်ဆေးရေးစခန်းတွင် ယနေ့ နံနက်ပိုင်းက ငါးလုပ်ငန်းဦးစီးဌာန၊ ကော့သောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ကော့သောင်း FOB စစ်ဆေးရေး အဖွဲ့တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံးပြိုင်ပွဲ၌ ဆုရရှိခဲ့သော နည်းပြများနှင့် ကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ
Mar 12,2020
၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရိုးရာခြင်းလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့၊ နံနက် ၈ နာရီခွဲက ပျဉ်းမနားမြို့နယ် ပေါင်းလောင်း အားကစားခန်းမ၌ ကျင်းပသည်။
မော်ချီးဒေသ သတ္တုလုပ်ငန်းရှင်များနှင့်ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည့် အခမ်းအနားကျင်းပ
Mar 12,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသသတ္တုလုပ်ငန်းများ ဆောင်ရွက်သောလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က မော်ချီးသတ္တုတွင်းစီမံကိန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့ ပန်းသီတာဥယျာဉ်၌ (အခမဲ့) အခြေခံပန်းချီ သင်တန်းဖွင့်လှစ်
Mar 12,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပန်းသီတာဥယျာဉ်သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ကြီးမှူး၍ စတုတ္တအကြိမ်မြောက် အခမဲ့အခြေခံပန်းချီ သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်(၉:၀၀)နာရီက ပန်းသီတာဥယျာဉ်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်
Mar 12,2020
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်များ မြှင့်တတ်လာစေရန်ရည်ရွယ်၍ အင်္ဂလိပ်စကားပြောသင်တန်းကို ယမန်နေ့ နေလယ် ၁ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ပါသည်။
ဘောလခဲ−ဒီးမော့ဆို−လွိုင်ကော်−ရန်ကုန် မိုးကောင်းကင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းသစ်ဖွင့်လှစ်
Mar 12,2020
ကယားပြည်နယ် အတွင်းရှိ မိဘပြည်သူများ ခရီးသွားလာ လွယ်ကူအဆင်ပြေစေရန်အတွက် မိုးကောင်းကင် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ဘောလခဲ−ဒီးမော့ဆို−လွိုင်ကော်−ရန်ကုန် မော်တော်ယာဉ်လိုင်းသစ် ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့၊ နောင်ယားကန်အနီး ၊ YGN Food House ၌ ကျင်းပပြုလုပ်သည်။
ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား
Mar 12,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာကားလမ်းတွင် ယနေ့ နံနက် ၆ နာရီအချိန်ခန့်က ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဆရာတော်တစ်ပါး အခင်းဖြစ်ရာနေရာ၌ ပျံလွန်တော်မူကာ၊  အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီနယ်မြေရဲကင်းစခန်းမှ သိရသည်။