သတင်းများ

အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီမှ ကိုယ်ပိုင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး
Mar 12,2020
အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ မွန်းလွဲ၂နာရီက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ကနီမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ (၃) နာရီက ကနီမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့​သည်။
တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက် ပဒေသာဈေး၌ COVID-19 လတ်တလော အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြော
Mar 12,2020
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID-19 လတ်တလောအသက်ရှု လမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက်ရှိ ပဒေသာဈေးတာဝန်ခံရုံး၌ ပြုလုပ်ခဲ့သည်။
မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်၌ တာဝန်ကျနေသည့် ပရဟိတအသင်းအဖွဲ့များကို ကျန်းမာရေး အထောက်အကူပြုပစ္စည်းများလှူဒါန်း
Mar 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့ နံနက် ၉ နာရီ က မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်များ ဖြစ်ကြသည့် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ် ၊ သိန်းသန်းချီကားကြီးကွင်း ၊ အခြေခံကျောင်းများတွင် တာဝန်ကျနေသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး လက်ဆေးဆပ်ပြာရည် စုစုပေါင်း(၁၀၀)ဗူးနှင့် နှာခေါင်းစည်းစုစုပေါင်း (၂၃၀၀) ခု ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမ ပါလျှံမီးပွိုင့်အနီး မြေကာနံရံတည်ဆောက်ခြင်းနှင့် ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမ ပါလျှံမီးပွိုင့်အနီး ကွန်ကရစ်လမ်းသားတိုးချဲ့နိုင်ရန် မြေကာနံရံ ပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့တွင် တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်
Mar 12,2020
တစ်လုံထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျောက်မဲမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်း ဖွင့်လှစ်
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၀)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီက ရေပေါက်ကျေးရွာအုပ်စု၊ သိမ်းကုန်းကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Mar 12,2020
မန္တလေးတိုင်း ဒေသကြီး၊မြင်းခြံခရိုင်၊နွားထိုးကြီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၂နာရီ၊ မိနစ် ၃၀ က အမှတ်(၅) ရပ်ကွက်၊ အင်ကြင်း ကမ္ဘာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။