သတင်းများ

တောင်သူများအား အီးအမ်ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်း လက်တွေ့သရုပ်ပြသ
Feb 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့ နံနက် ၉နာခွဲအချိန်က မြို့နယ်ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖြစ်သော အာမခံကျေးရွာအုပ်စု၊ သြဂ ကျေးရွာရှိ တောင်သူများအား အီးအမ်ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်းကို လက်တွေ့ သရုပ်ပြသပေးခဲ့ကြောင်းသိရသည်။
မြဝတီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်ရေးရာအဖွဲ့ဝင်များ ဆွေးနွေးပွဲ ဆောင်ရွက်
Feb 29,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြဝတီမြို့ရှိ လူငယ်ရေးရာအဖွဲ့ဝင်များမှ လူငယ်ရေးရာ ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရွှေမုဋ္ဌောဆုတောင်းပြည့် ဘုရားပွဲတော်နှင့် ရွှေကူနီပွဲတော် ကျင်းပလျက်ရှိ
Feb 29,2020
ရေစကြိုမြို့နယ် ထန်းတော(ကူနီ) ကျေးရွာ၌ ရွှေမုဋ္ဌောဆုတောင်းပြည့် ဘုရားပွဲတော်နှင့် ရွှေကူနီပွဲကို ကျင်းပလျက်ရှိရာ ယနေ့တွင် ပွဲတော်လာ ဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။
ဝေါမြို့နယ် ကျွဲတဲစုကျေးရွာ (အ.မ.က ခွဲ) ကျောင်းဆောင်သစ်၊ သောက်ရေကန်နှင့် စာရေးခုံများ ပေးအပ်လှူဒါန်းပွဲကျင်းပ
Feb 29,2020
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ စိုင်တီစုကျေးရွာအုပ်စု ကျွဲတဲစုကျေးရွာ အ.မ.က(ခွဲ) ကျောင်းဆောင် သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ( ၁၀း၀၀ )နာရီ က အ.မ.က(ခွဲ)ကျောင်း ကျွဲတဲစုကျေးရွာ၌ ကျင်းပခဲ့သည်။
မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏ (၂၀၁၆-၂၀၁၉)ခုနှစ် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Feb 29,2020
မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏ (၂၀၁၆-၂၀၁၉)ခုနှစ် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ကနောင်ခန်းမတွင် ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။
သာယာဝတီမြို့၌ ပြည်သူ့စကားဝိုင်း(Public Talk)ကျင်းပ
Feb 29,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk)ကို သာယာဝတီ မြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု လှည်းလမ်းကူး ကျေးရွာ နိဂြောဓာရုံကျောင်းတိုက် ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်သည်။
စစ်ကိုင်းမြို့ကုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ စုပေါင်းသွေးလှူဒါန်း
Feb 29,2020
စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အမှတ်(၃) ရဲလေ့ကျင့်ရေးကျောင်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စုပေါင်း သွေးလှူဒါန်း ခဲ့ကြသည်။
သဲကုန်းမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာတွင် ပြည်သူ့စကားဝိုင်းကျင်းပ
Feb 29,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာ၊ ချောင်းနားဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၀င်း၊ ဆည်မြောင်းနှင့်ရေ အသုံးချရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မြင့်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနဦးစီးအရာရှိ ဦးကြင်ထွန်း၊ ဒုလ၀ကမှူး ဦး၀င်းတင်၊ ကျေးလက်လမ်းဦးစီးဌာန SAE ဒေါ်တင်ဇာ၀င်း၊ လူထုဗဟိုပြုစီမံကိန်း (CDD)နည်းပညာအကြံပေး ဦးအောင်ကျော်ဦးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။