မိုးနဲမြို့၌ နှစ်ရှည်မြို့ မြေငှားဂရန် ဒုတိယအကြိမ်ပေးအပ်ပွဲကျင်းပ
Feb 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြို့မြေတိုင်းတာရေး စီမံချက်အရ ပေါ့မိုင်းရပ်ကွက် အကွက် အမှတ် (၁၃)တွင် မြေယာပိုင်ဆိုင်မှု စာရင်းကောက်ယူခဲ့ပြီး နှစ်ရှည်မြို့ မြေငှားဂရန် ဒုတိယအကြိမ်ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ပေါ့မိုင်းရပ်ကွက် မဟာသုခချမ်းသာကြီး ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ လင်းခေးခရိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။