သတင်းများ

ဓနုဖြူမြို့၌ အခမဲ့ မျက်စိခွဲစိတ်ကုသပေး
Feb 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့အာယုဒါန ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ဦးစီးဆောင်ရွက်မှုဖြင့် ဓနုဖြူမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စတင်၍ ဓနုဖြူမြို့၊ အမှတ်(၇) ရပ်ကွက်၊ ဈေးပိုင်းဓမ္မာရုံ၌ စမ်းသပ်စစ်ဆေးပေးခဲ့သည်။
မန္တလေးမြို့တွင် စခန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း ၁/၂၀၂၀ ဖွင့်ပွဲ ကျင်းပ
Feb 28,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေး ပြန်လည် ထူထောင်ရေးစခန်းမှ ကြီးမှူးဖွင့်လှစ်သော စခန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်း ၁/၂၀၂၀ ဖွင့်ပွဲကို မန္တလေးမြို့၊ ၇၃ လမ်း၊ ၁၀ လမ်းနှင့် ၁၂ လမ်းကြားရှိ မန္တလေး ပြန်လည်ထူထောင်ရေးစခန်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ် သည်။
မြိတ်မြို့တွင် မီးဘေးအန္တရာယ်တားဆီးရေးအတွက် သမိုင်းဝင်ကန်တော် မင်္ဂလာရေကန်မှ ရေပိုက်သွယ်တန်းကာ မီးငြှိမ်းသတ် ရေပိုက်ငုတ်များ တိုးချဲ့တပ်ဆင်မည်
Feb 28,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ကြီးရပ်ကွက်ရှိ သမိုင်းဝင်ကန်တော်မင်္ဂလာရေကန်မှ မီးဘေး အန္တရာယ်တားဆီးကာကွယ်ရေးအတွက် ရေကန်အနီးရှိ ရေဂါလံ(၆၀၀၀)ဆန့်ရေစင်မှ နောက်လယ်ရပ်ကွက် အောင်ချမ်းသာဓမ္မာရုံ ရေကန်အထိ ရေပိုက်သွယ်တန်းကာ မီးငြှိမ်းသတ် ရေပိုက်ငုတ်များကို စည်ပင်သာယာရေး ကော်မတီမှ ဦးဆောင်၍ တိုးချဲ့တပ်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်မည်
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မျိုးဆက်သစ် အားကစား လူငယ်မောင်မယ်များ ပေါ်ထွန်းလာ စေရန် ရည်ရွယ်၍ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၀)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Feb 28,2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား ရုံးလုပ်ငန်းအရည်အသွေး၊ စီမံခန့်ခွဲမှုအရည်အသွေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအရည်အသွေးများ တိုးတက်မြင့်မားလာပြီး ဝန်ကြီးဌာန၏ရည်မှန်းချက်၊ ဦးစီးဌာန၏လုပ်ငန်းလျာထားချက်များကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) သင်တန်းကျောင်း၌ ကျင်းပသည်။
ဟိုပင်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်း ကျင်းပ
Feb 28,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့သစ်ကလေးကျေးရွာ ဇေတဝန်ကျောင်းတိုက်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပရာ မြို့သစ်ကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလင်းဇော်က အမှာစကား ပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
သီပေါမြို့နယ်၊ ကျေးရွာအုပ်စုများရှိ တောင်သူများထံသို့ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ပေးအပ်ပွဲ ကျင်းပ
Feb 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ကျေးရွာအုပ်စု(၁၁)အုပ်စုရှိ တောင်သူများထံသို့ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ဘုတလင်မြို့၊ မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် လျှပ်စစ်မီး သွယ်တန်းထားရှိမှုအား ကွင်းဆင်း စစ်ဆေး
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီအချိန်က ဘုတလင်မြို့၊ မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် လျှပ်စစ်မီး သွယ်တန်းထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။