သတင်းများ

ကသာမြို့နယ်၌ လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချသူများအား အခွန်ဆိုင်ရာအသိပေးရှင်းလင်း
Feb 28,2020
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကသာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြုလုပ်သည့် ကသာမြို့နယ်အတွင်းရှိ လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချသူများအား ဟန်းဆက်ဗူးခွံများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချ စေရေးအတွက် အခွန်ဆိုင်ရာအသိပေး ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကသာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ဒီးမော့ဆိုတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ
Feb 28,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ဖွင့်လှစ်သော အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်မီးသတ်စခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(ဗဟန်း) သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း တံဆိပ်ပါ (ဆေးသေတ္တာအိတ်) လာရောက်လှူဒါန်း
Feb 28,2020
ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre သို့ ယနေ့ မွန်းလွဲ ၂ နာရီက ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်စိုးစိုးခိုင် ဦးဆောင်သော အမှုဆောင်အဖွဲ့သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းတံဆိပ်ပါ ဆေးသေတ္တာအိတ်အား လာရောက်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဖြိုးလင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မန္တလေး-မြစ်ကြီးနား Air Con လေအိတ်ရထား မတ် ၂ ရက်တွင် စတင်ပြေးဆွဲမည်
Feb 28,2020
မီးရထားဖြင့် ခရီးသွားလာကြမည့် ခရီးသွားပြည်သူမိဘများ သွားလာရေး အဆင်ပြေ လွယ်ကူစေရန်အတွက် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာသည့် Air Con လေအိတ်ရထားကို အဆိုင်းနှစ်ဆိုင်းဖြင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် အမှတ်(၃၁)အဆန်၊ အမှတ်(၃၂) အစုန်ရထား မတ် ၂ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Feb 28,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် Book Club Woman Club Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါပြန်ဆက်ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ဒေါက်တာနေဇင်လတ် ရေးသားသည့် ’’ပညာခေတ်ဖြင့် မြင့်မားသောစံချိန်’’ စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။
ချောင်းဦးမြို့တွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူမှုရေးရာ အသိပညာပေး သင်တန်းဖွင့်ပွဲကျင်းပ
Feb 28,2020
ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူမှုရေးရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ပုလဲမြို့၌ မုန့်မျိုးစုံပြုလုပ်နည်းနှင့်ပန်းအလှဆင်သင်တန်းဖွင့်ပွဲကျင်းပ
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးကော်မတီတို့ ပူးပေါင်း၍ မုန့်မျိုးစုံ ပြုလုပ်နည်းနှင့် ပန်းအလှဆင်သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(ဗဟန်း) တွင် ကိုရိုနာဗိုင်းရပ်စ်Coronavirus Disease 2019 (COVID-19) ဟောပြောပွဲကျင်းပ
Feb 28,2020
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)တွင် ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019(COVID-19) ဟောပြောပွဲကို ယနေ့ နေ့လယ် ၂ နာရီက ကျင်းပရာ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်မှုရှိကြောင်း၊ ထိုရောဂါပိုးသည် ကမ္ဘာ့နိုင်ငံတော်တော်များများကို ခြိမ်းခြောက်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၇.၂.၂၀၂၀)ရက်နေ့ ထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွားနေသည့် နိုင်ငံပေါင်း (၃၈)နိုင်ငံရှိပြီး လူနာ၊ (၈၁၁၀၉)ဦးနဲ့ သေဆုံးသူ(၂၇၆၀)ဦးထိရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါစောင့်ကြည့်လူနာ(၄၀)ဦးနှင့် သံသယလူနာ(၂)ဦး ရှိကြောင်း ပြောကြားခဲ့သည်။