သတင်းများ

အင်းတော်မြို့တွင် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သွားမည်
Feb 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့အနေဖြင့် နွေရာသီအားလပ်ရက်များအတွင်း အားကစားနည်း ( ၈ ) မျိုးအား သင်တန်းများ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့၌ (One State One Township Project ) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Feb 26,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီ က နတ်မောက် မြို့နယ်တွင် (One State One Township Project ) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
ကျိုင်းတုံမြို့၌ ရှားပါးဓာတ်ပုံပြပွဲ ကျင်းပ
Feb 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယဉ်ကျေးမှုပြတိုက်အကြောင်း ပြည်သူများ ပိုမိုသိရှိလာစေရန်၊ ဒေသအတွင်းရှိ ရှားပါးဓာတ်ပုံများအား အများပြည်သူများ လေ့လာနိုင်စေရန်၊ ရှားပါးဓာတ်ပုံများအား လေ့လာခြင်းဖြင့် ပြည်သူများဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ရှားပါးဓာတ်ပုံပြပွဲကို ကျိုင်းတုံမြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတွင် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၁ ရက်ထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကလေးခရိုင်ပြည်သူ့ အားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး (Exercise is Medicine) အစီ အစဉ် ပြုလုပ်
Feb 26,2020
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊ ရင်ခွင်မဲ့ ကလေးငယ်များစောင့်ရှောက်ရေးအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကိုယ်လက်လှုပ်ရှား ဆေးတပါး (Exercise is Medcine) အစီအစဉ်ကို ယနေ့ နံနက် ၇ နာရီက ကလေးခရိုင် ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ၏ဇနီး ဒေါက်တာအန်နာရွှေလွှမ်း တက်ရောက်ပါဝင်ဆင်နွှဲသည်။
ကာမိုင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဆိုင်ရာ ကြိုတင် ကာကွယ်ရေး အသိ ပညာပေး နယ်လှည့်ဆောင်ရွက်
Feb 26,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး နယ်လှည့် လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ထွယ်ဆန်ယန်ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နေ့လယ် (၂)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
မြဝတီမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူ့စကားဝိုင်းကျင်းပ
Feb 26,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် “ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် သတိပြုကာကွယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အခြေခံ အားကစား သင်တန်းများ ပခုက္ကူ၌ ဖွင့်လှစ်မည်
Feb 26,2020
ပခုက္ကူခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံအားကစားသင်တန်း (၁၂)မျိုးကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ (2019-nCov Acute Respiratory Disease ) ရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဆွေးနွေးပွဲများ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဆောင်ရွက်
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြိုနယ်အတွင်း မိတ္ထီလာခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှု့အဖွဲ့တို့ ပူးပေါင်း၍ (2019-nCov Acute Respiratory Disease) ရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဆွေးနွေးပွဲများကို ယမန်နေ့ နေ့လယ် ၂ နာရီက ဝမ်းတွင်းမြို့နယ်အတွင်းရှိ သဘွတ်ကုန်း စံပြကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။