သတင်းများ

ကော့သောင်းမြို့တွင် အဆုတ်ရောင်ရောဂါ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ
Feb 27,2020
ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် 2019-nCoV(အဆုတ်ရောင်) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက်ကူးစက်ပျံ့ပွားမှုမရှိစေရေး မြန်မာ-ထိုင်းနယ်စပ် အဝင်/အထွက်ဂိတ် ရှိသည့် ကော့သောင်းမြို့တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျန်းမာရေးဆိုင်ရာ NGO အဖွဲ့အစည်းများ ပူးပေါင်းကာ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် အသိပညာပေးလုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဘားအံမြို့မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ် စာစောင်များ ငှါးရမ်းပေးပြီး ဟောပြောပွဲများ ဆောင်ရွက်ပေး
Feb 27,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ် ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးစခန်း(ဘားအံ)ရှိ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေး(၁/၂၀၂၀)သင်တန်းမှ သင်တန်းသားများအား စိတ်ဓါတ်ခွန်အားရရှိစေရေး အသိပညာဗဟုသုတများ ရရှိ စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေး အတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှါးရမ်းပေးပြီးအသိပညာပေး ဟောပြောခြင်းများကို ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါ ဘားအံစက်မှုဇုန်အနီးရှိ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည် ထူထောင်ရေးစခန်းသို့ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှု(OSS)လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Feb 27,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဝန်ဆောင်မှု (OSS)လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲက ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထန်းတပင် ဖေဖော်ဝါရီ ၂၇ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံ ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျွဲကူးကျေးရွာအုပ်စု၊ မြောက်လွှတ်ကုန်းကျေးရွာ တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ ပေးအပ်ပွဲတွင် မြို့နယ်က
Feb 27,2020
ချင်းပြည်နယ် တီးတိန်မြို့တွင် ဖလမ်းခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့က မြို့ပေါ်ရှိ စျေးဆိုင်များ၊ ဆေးဆိုင်များအား နိုင်ငံပိုင် သတင်းစာပါ စားသုံးရန်မသင့်သော အစားအသောက်များနှင့် သုံးစွဲရန်မသင့်သော ဆေးဝါးများ ရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်းနှင့် အန္တရာယ်ကင်း စားသောက်ကုန်များ ရောင်းချနိုင်ရေး ပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မူဆယ်မြို့တွင် ဖမ်းဆီးရမိထားသည့် တရားမဝင်ပိုးသတ်ဆေးများနှင့် မှိုသတ်ဆေးများ မြေမြှုပ်ဖျက်ဆီး
Feb 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် မြန်မာနိုင်ငံဘက် သို့ တရားမဝင်တင်သွင်းလာပြီး (၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်၊ စစ်ဆေးရေးဂိတ်၌ အကောက်ခွန် ဦးစီးဌာနမှ ဖမ်းဆီးရမိထားသည့် တရားမဝင်ပိုးသတ်ဆေးများကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် မူဆယ်မြို့၊ (၁၀၅) မိုင်ရှိ စိုက်ပျိုးရေး ရုံးဝန်းအတွင်း၌ မြေမြှုပ်ဖျက်ဆီးခဲ့သည်။
နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ မလှိုင်မြို့၌ ကျင်းပ
Feb 27,2020
မလှိုင်မြို့နယ် (Book Club) အဖွဲ့နှင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ နံ့သာပန်းခင်း စာဖတ် ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံး Community Centre ခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည် ။
လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်အဖွဲ့က ဖလမ်းမြို့နယ် ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး
Feb 27,2020
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများအတွက် အရေးပေါ်ပြန်လည်ထူထောင်ရေးစီမံကိန်း (Flood and Landslides Emergency Recovery Project, FLERP) တွင်ပါဝင်သော ချင်းပြည်နယ်၊ ကလေး-ဖလမ်း-ဟားခါးလမ်း လမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်အဖွဲ့၊ International Environmental and Social Safeguard Specialist နှင့် National Social Safeguard တို့နှင့် ဖလမ်းမြို့နယ်ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်က ဖလမ်းမြို့ Chin Centre ခန်းမ၌ ပြုလုပ်သည်။
စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာ(အခမဲ့) သင်တန်း(၁/၂)သင်တန်းဖွင့်လှစ်
Feb 26,2020
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာ(အခမဲ့) သင်တန်း(၁/၂) သင်တန်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။