သတင်းများ

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် Women Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ
Feb 26,2020
ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက (Women Club) မှ စာရေးဆရာဖေမြင့်၏ “စဉ်းစားခြင်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်ဥပဒေပြုရေးဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ ရုံးသစ် ဖွင့်လှစ်
Feb 26,2020
မကွေးခရိုင်၊ မြို့သစ်မြို့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီ အချိန်က မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် တိုက်တန်းတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
နမ့်ဆန်၌ 2019 Novel Coronavirus ရောဂါကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေး
Feb 26,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ တရုတ်ပြည် ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် 2019 Novel Coronavirus ​ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက်(၁၁)နာရီက ဆောင်ရွက်လျက်ရှိသည်။
နမ့်စန်မြို့နယ် လွယ်ဆိုင်းကျေးရွာတွင် ပြည်သူ့စကားဝိုင်းကျင်းပ
Feb 26,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက နမ့်လစ်ကျေးရွာအုပ်စု လွယ်ဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
သက်ငယ်မုဒိမ်း မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောပွဲ မုတ်စီကျေးရွာ၌ ကျင်းပ
Feb 26,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့မ ရဲတပ်ဖွဲ့စခန်းနှင့် ရှောက်ရေးအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသော သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီက မုတ်စီကျေးရွာ ဘုန်းတော်ကြီးကျောင်း မဟာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
သရက်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ပန်းရန် သင်တန်းဆင်းပွဲ ကျင်းပ
Feb 26,2020
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနနှင့် နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ် သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ပန်းရန် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ သင်တန်းဆရာနှင့် သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ကြသည်။
ဇီးကုန်းမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ
Feb 26,2020
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်ပြည်ကားလမ်းရှိ သမဝါယမအသင်းစုပိုင် ဆန်စက်ဝန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်မြိုင်၊ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ချစ်ဆွေ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်လှ၊ ဦးစီးအရာရှိ ဦးအောင်လင်းညိုနှင့် ဇီးကုန်းမြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ ရပ်/ကျေး သမဝါယမအသင်းစုဝင်များ တက်ရောက်ခဲ့ကြသည်။
မြစ်သားတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်း ကျင်းပ
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီ က မြစ်သားမြို့နယ် တမာပင်ကျေးရွာအုပ်စု၊ တမာပင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပ ပြုလုပ်သည်။