သတင်းများ

ပန်တိန်းကျေးရွာ၌ ကျေးရွာလူထုပူးပေါင်းပါဝင်သည့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်
Feb 23,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးဆောင်၍ ကျေးရွာများ သန့်ရှင်းသာယာလှပရေးအတွက် စွန်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက ပန်တိန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကောလင်းမြို့နယ်၌ စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပ
Feb 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ညောင်ပင်သာအုပ်စု၊ သရက်ခုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကိုရီးယားသာသနာပြုဆရာတော် အရှင်သုဝဏ္ဏပညာ​ရေးဖောင်ဒေးရှင်း ပညာသင်စရိတ်ထောက်ပံ့ငွေ ပေးအပ်ပွဲအထိမ်းအမှတ် စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲကို ယမန်နေ့ ည ၆ နာရီအချိန်တွင် ကျင်းပခဲ့သည်။
မယ်စဲ့မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Feb 23,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမိုးပန်းမွန် (ရာမည)၏ ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပသည်။
အခြေခံပညာမူလတန်းကျောင်းများသို့ စာရေးကိရိယာများ ထောက်ပံ့လှူဒါန်း
Feb 23,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် နေပုညသင်္ဂဟပညာရေးထောက်ပံ့အသင်းမှ စာရေးကိရိယာများကို လစဉ်လှူဒါန်း ထောက်ပံ့ပေး လျက်ရှိရာ ယနေ့ (၈၃)ကြိမ်မြောက်အဖြစ် စာရေးကိရိယာ ပစ္စည်းများ လှူဒါန်းပွဲကို ဘေးမဲ့ကျေးရွာ၊ ကံဘဲ့ကျေးရွာနှင့် ပေါက်တော ကျေးရွာများရှိ အခြေခံပညာမူလတန်း ကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Feb 23,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့၌ ကျောင်းစာကြည့်တိုက်များနှင့် ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ မြို့ဦးစီးမှူး ဒေါ်စန်းစန်းယဉ်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ပြည်သူ့ဝန်ဆောင်မှု(OSS)လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး
Feb 23,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဝန်ဆောင်မှု (OSS) လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၁)ကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Feb 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၁) ကျောင်းသားဟောင်းများအသင်းမှ ကြီးမှူးကျင်းပသော ပူဇော်ခံ ဆရာကြီး/ ဆရာမကြီးများအတွက် (၁၇၂) ကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှုကို ယနေ့နံနက် (၇) နာရီခွဲ က အ.ထ.က(၁) မြတ်ခရေခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ချောင်းဦးမြို့နယ် ဘူတာကျေးရွာတွင် ကျေးရွာငွေတိုက်ထူထောင်ရေး ပညာပေး‌ဆွေးနွေးပွဲကျင်းပ
Feb 23,2020
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ဘူတာကျေးရွာတွင် ကျေးရွာသူ/သားများ ဆင်းရဲမှုလျှော့ချရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာငွေတိုက်ထူထောင်ရေး ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဘူတာ ကျေးရွာဘက်စုံသုံးခန်းမတွင် ပညာပေး ဟောပြောပွဲပြုလုပ်ခဲ့‌ကြောင်း သိရသည်။