သတင်းများ

မိုင်းခုတ်မြို့ ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ​ပြုလုပ်
Dec 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းက ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဖွင့်ပွဲ ပြုလုပ်
Dec 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်ဇင်နှင့် တပ်နယ်မှ အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများတက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၈၃) ဦးအား သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ရပ်စောက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ ပြုလုပ်
Dec 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဘုတ်ပြင်းမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်များ ဆောင်ရွက်
Dec 15,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌  ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနကျောင်းတို့ပူးပေါင်း၍ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က-ဘုတ်ပြင်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဆွေးနွေး
Dec 15,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က လေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအနေဖြင့် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များကို ကလေးများအတွက် ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က စည်သာယာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 15,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အသိပညာ‌ပေးဟောပြောပွဲ၊‌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ
Dec 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့‌ မွန်းလွဲ (၁)နာရီအချိန်က ယန်းမိုင်(လားဟူ)ကျေးရွာ၊ လင်းရောင်ခြည်စာကြည့်တိုက်၌ အသိပညာ‌ပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ “ဒို့အတူတူမဲပေးကြမယ်” လှုံ့ဆော်ရေးပိုစတာစိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်ဖြန့်ဝေ
Dec 15,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ “ဒို့အတူတူမဲပေးကြမယ်” လှုံ့ဆော်ရေး ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၉ နာရီခွဲက လေညာအရှေ့ရပ်ကွက် လမ်းစုံနှင့် မြိတ်-ကော့သောင်း ပြည်ထောင်စု လမ်းမကြီးနံဘေးလူစည်ကားရာနေရာတွင်ဆောင်ရွက်ခဲ့သည်။