သတင်းများ

ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အသင်းနှင့် စာဖတ်ဝိုင်းကျင်းပ
Dec 15,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
ပေါင်မြို့နယ်၌ တစ်နိုင်တစ်ပိုင် မုန်လာဥဖြူစိုက် တောင်သူများ အပိုဝင်ငွေရရှိ
Dec 15,2025
မွန်ပြည်နယ်၊ ပေါင်မြို့၌ မုန်လာဥများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး 
Dec 15,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာအကြောင်းအရာများ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည်။
မြဝတီမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မဲပေးခြင်းဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်လှစ်
Dec 15,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြဝတီမြို့​ပေါ်၊ ရပ်ကွက် / ကျေးရွာ/တပ်နယ် မဲရုံ (၄၂) ရုံတွင် မဲရုံမှူး၊ ဒုမဲရုဲမှူးနှင့်မဲရုံအဖွဲ့ဝင် တာဝန်များထမ်းဆောင်ကြရမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများကို မဲရုံအခင်း အကျင်းနှင့် မဲပေးခြင်ဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အမှတ် (၄) ရပ်ကွက်၊ မြန်မာ-ထိုင်း အမှတ် (၂) တံတားလမ်း၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့၌ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
Dec 15,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသည့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် ဆောင်းဆီထွက်သီးနှံ စံပြကွက်စိုက်ပျိုးခြင်းအခမ်းအနားကျင်းပ
Dec 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာအုပ်စု တောင်သူ ဦးလှိုင်မင်းစိုး၏ နေကြာစံပြကွက်စိုက်ပျိုးမည့် လယ်မြေ၌ ဆောင်းဆီထွက်သီးနှံ (နေကြာ) Super Sun 41 မျိုးစေ့များအား စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကရသူရိမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် “ဒို့အတူတူ မဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 15,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပြည်သူတစ်ရပ်လုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဒီဇင်ဘာလ ၁၅ ရက်နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်၊ ပြည်ထောင်စုကားလမ်းမကြီး၌ ဆောင်ရွက်ခဲ့သည်။
ကျွန်းစုမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 15,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အားကစားပြိုင်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။