သတင်းများ

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ
Jun 09,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နေ့လယ်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေး
Jun 09,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့မကျောင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Jun 09,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများနှင့် (၃) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆီဆိုင်မြို့၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Jun 09,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့ နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း (ဆီဆိုင်) ၌  ကွင်းဆင်းဆောင်ရွက်ပေးသည်။
ကျောက်ပန်တောင်းမြို့နယ်၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး ကျန်းမာရေးစစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
Jun 09,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန  ရက်(၁၀၀) စီမံချက် လုပ်ငန်းဆောင်ရွက်မှုအဖြစ်၊ ဦးစီးဌာနအောက်ရှိ ကျောင်းကျန်းမာရေးဌာနမှ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊  ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွေးလွန်တုတ်ကွေး ကြိုတင် ကာကွယ်ရေး အတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဇွန် ၉ ရက် နံနက် ၉ နာရီက မြို့မတောင်ရပ်ကွက် မူလတန်းကျောင်းတွင် ဆောင်ရွက်သည်။
ကျောက်ပန်းတောင်းမြို့ စံပြမူလတန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 09,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ဇွန် ၉ ရက် နံနက် ၁၀  နာရီက စံပြရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်သည်။
မန္တလေးပညာရေးဒီဂရီကောလိပ်၌ လူကုန်ကူးမှုကာကွယ်ရေးအသိပညာပေး ဟောပြော
Jun 09,2026
ဆရာအတတ်ပညာဦးစီးဌာန မန္တလေးပညာရေးဒီဂရီကောလိပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၁၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့စု တို့ပူးပေါင်းကျင်းပသော လူကုန်ကူးမှုကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမဆောင်၌ ကျင်းပသည်။
ပန်းတောင်းမြို့နယ် အုပ်ဖိုကျေးရွာ၌ VDP စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Jun 09,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် အုပ်ဖိုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။