ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး ကံမမြို့နယ်မှ ရေယာဉ်ကူးတို့လိုင်းများအား ကွင်းဆင်းစစ်ဆေး
May 13,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လေလံရောင်းချထားသည့် ကူးတို့လိုင်းများအနေဖြင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် ရာသီဥတုဆိုးရွားချိန်တွင် ရေယာဉ်ကူးတို့လိုင်းများ ပြေးဆွဲခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္က ဦးဝင်းမြင့်နှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်(၇)နာရီက ဆောင်ရွက်ခဲ့ကြသည်။