စဉ့်ကိုင်မြို့နယ်တွင် သမဝါယမအသင်းသားများ၏ မိုးစပါးရိတ်သိမ်းနေမှုအားကြည့်ရှု
Dec 15,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စီမံကိန်းတာဝန်ခံ၊ အသင်းသားတာဝန်ကျ၊ မြို့နယ်သမဝါယမအသင်းစုတို့သည် ဆောက်အင်းကျေးရွာ ဆောက်အင်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း၊ သမဝါယမအသင်းမှ အသင်းသားဦးဇော်ဦး ၏ကွင်းအမှတ်၃၅ခ၊ ဦးပိုင်အမှတ် ၈၃/၁၀ လယ်မြေဧက(၃)ဧကတွင် ဧရာမင်းမိုးစပါး ရိတ်သိမ်းနေမှုကို ယမန်နေ့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။