ငါးသိုင်းချောင်းမြို့၌ စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာ
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းတွင် မြို့အတွင်းရှိ ကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့သည်။