အမြို့မြို့အနယ်နယ်သတင်းများ

May 13,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲသီတာခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
May 13,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ရက်ပေါင်း (၁၀၀)စီမံချက်ဖြင့် ၂၀၂၆- ၂ဝ၂၇ ဘဏ္ဍာရေးနှစ် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့်၂ဝ၂၆ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ကျင်းပသည်။
May 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအား ယနေ့နံနက် ၁၀ နာရီက အမှတ် (၄)ရပ်ကွက်၊ ကမ်းနားလမ်းရှိ တိုးရွှေဝါခန်းမတွင်ကျင်းပသည်။
May 13,2026
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက် ၁၀ နာရီက သရက်မြို့၊ သရက်ခရိုင်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြိုမိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
May 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီက အမှတ် (၁)ရပ်ကွက်ရှိ စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမတွင်ကျင်းပသည်။
May 13,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောခရိုင် ကလောမြို့တွင်၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ခရိုင်/ မြို့နယ် အဆင့်ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ ၁၂ ရက် နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ၊ လွှတ်‌တော်ကိုယ်စားလှယ်များ နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ တက်ရောက်သည်။
May 13,2026
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ချောက်မြို့နယ်၌ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားနိုင်စေရေးအတွက် ယနေ့နံနက်(၉)နာရီက အမှတ်(၄)ရပ်ကွက်ရေနံချက်စက်ရုံဝန်း၊အမှတ်(၅)ရပ်ကွက် အ.မ.က(၈၀)ကျောင်းနှင့် အမှတ်(၆)ရပ်ကွက်‌ဓမ္မာရုံတို့၌  ကျင်းပသည်။
May 13,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပထမ ရက်(၁၀၀) ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ပြည်သူများ စနစ်တကျအမှိုက်စွန့်ပစ်‌စေရေး အလေ့အကျင့်ကောင်းများရရှိစေရေးနှင့် အစဉ်တစိုက်လိုက်နာဆောင်ရွက်စေရေးတို့ ရည်ရွယ်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်းရေးဌာနက ဦးစီးကျင်းပသော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး(Public Awareness) အစီအစဉ်ကို ယနေ့  နံနက် ၈ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၂၆ ရပ်ကွက် ၊ ပြည်ထောင်စုလမ်းမကြီး၊ တောင်ဒဂုံပန်းခြံရှေ့တွင် ဆောင်ရွက်ကြသည်။