Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မွန်ပြည်နယ်အတွင်း အကျဉ်း/ အချုပ်ထောင်စခန်း (၁၀) ခု မှ အကျဉ်းသား/သူ (၅၁၃) ဦး လွတ်ငြိမ်းခွင့်ပြု
Apr 18,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/ သူများအနက် မွန်ပြည်နယ်အတွင်းရှိ အကျဉ်း/ အချုပ်ထောင်စခန်း (၁၀) ခု မှ အကျဥ်းသား၊ သူ (၅၁၃) ဦးတို့အား ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအား လျော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့နယ်၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်
Apr 18,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ယမန်နေ့ ညနေ့ပိုင်းတွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ဘတ္ထရီဆိုင်ကယ်ကို အားသွင်းခဲ့ရာမှ အပူလွန်ကဲ၍လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Apr 18,2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်က စျေးတန်းရပ်ကွက်တွင် ဘတ္ထရီဆိုင်ကယ်အား လူမရှိဘဲအားသွင်းခဲ့ရာမှ အပူလွန်ကဲ၍ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ
Apr 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်မင်းပိုင်းရပ်ကွက်၊ မင်းတံတားလမ်းရှိသုံးခွချောင်းနှင့် တော်ပုလွဲချောင်းဆုံး၌ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Apr 18,2025
၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက် နှစ်သစ်မင်္ဂလာအချိန်အခါတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယနေ့ ညနေ (၄) နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ် လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ၌ (၂၄) ကြိမ်မြောက် မျက်နှာသစ်တော်ရေကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ
Apr 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ၌ (၂၄) ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဘုရားရှိ ဂန္ဓကုဋိတိုက်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့နယ်လုံးဆိုင်ရာ (၈၈) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲလှူဒါန်းပွဲကျင်းပ
Apr 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ (၈၈) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲလှူဒါန်းပွဲအခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့၌ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီး
Apr 18,2025
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် ယမန်နေ့ (၆) နာရီ၊ (၁၅) မိနစ်အချိန်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၆) လုံးပြိုကျပျက်စီးခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4
Page
5
Page
6
Page
7
Current page
8
Page
9
Page
10
Page
11
Page
12
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department