အမြို့မြို့အနယ်နယ်သတင်းများ

Mar 24,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေး‌ရေး မြို့နယ်အဆင့်သင်တန်းကို အ.ထ.က(ကံမ) မြ၀တီခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးတင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် သင်တန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
Mar 24,2026
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ မတ် ၂၄ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်ပြီး မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Mar 24,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်မှစ၍ စီးပွားဖြစ်အဓိကထားစိုက်ပျိုးကြပြီး ယခုအချိန်တွင် စီးပွားဖြစ် ကြက်သွန်ဖြူ၊ ပဲပုပ်၊ နေကြာစိုက်ခင်းများကို စိုက်ပျိုးထားကြကြောင်း သိရသည်။
Mar 24,2026
၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ကျိူက်ဒေတမော့ဗရတ် ကျောင်းတိုက်၌ကျင်းပခဲ့ရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များ ဝင်ရောက်ဖြေဆိုခဲ့သည်။
Mar 24,2026
၂၀၂၆ ခုနှစ် ကျိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ME STYLE CUP အသက်(၄၀)နှစ်နှင့်အထက် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မတ် ၂၂ ရက် ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပသည်။
Mar 24,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သတင်းစကား” အထိမ်းအမှတ်လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက ကျေးသီးမြို့နယ် (၁၃၁) ခြေလျင်တပ်ရင်းမှ ရဲဘော်များ၊ မြို့မဈေးနှင့် လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့သည်။
Mar 24,2026
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲအားစစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အလယ်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်ရာကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 24,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း ယဉ်ကျေးလိမ္မာသင်တန်း၌ သွားရောက်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။