အမြို့မြို့အနယ်နယ်သတင်းများ

May 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကွတ်ခိုင်မြို့နယ်မြို့နယ်ဦးစီးမှူးရုံး (တာမိုးညဲရှေ့တန်းရုံး)တွင် ယခုလ ၁၈ ရက်နေ့မှစတင်၍ ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 27,2021
၂၀၂၁ ခုနှစ် မိုးရာသီသီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ ထုတ်ပေးခြင်းကို ရမည်းသင်းမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ယမန်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား စတင်ပြီး ချေးငွေထုတ်ပေး လျက်ရှိကြောင်း သိရသည်။
May 27,2021
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ကွင်းဆင်းထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မန္တလေးခရိုင်၊ ချမ်းမြ သာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်ရှိ အမှတ် (၁၈) အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် ပြုလုပ်ခဲ့သည်။
May 27,2021
နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးချောင်းကျေးရွာအုပ်စု၊ ထရံကာကျေးရွာတွင် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းအခြေအနေများကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
May 27,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မေလ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် သတ်မှတ်၍ ကျောင်းအပ်နှံခြင်း လုပ်ငန်းကို ကချင်ပြည်နယ်နှင့် တစ်ဝှမ်းဆောင်ရွက်ခဲ့ကြရာ ​ယနေ့ နံနက် ၉ နာရီတွင် ကချင်ပြည်နယ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်သည်။
May 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
May 27,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့ နယ်အတွင်းရှိ တပ်ပေါင်း(၂၀)တပ်မှ စစ်သည်၊ မှီခိုနှင့် မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၆၈၈ ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ၁၇ စောင် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
May 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာလှကြည် (အာဟာရ ဆရာဝန်ကြီး) ရေးသားသည့် “ ဆီးချိုသွေးချိုနှင့် မြန်မာ့ဓလေ့အစားအစာ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။