အမြို့မြို့အနယ်နယ်သတင်းများ

May 27,2021
၂၀၂၁-၂၀၂၂ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယ မန်နေ့ နံနက်ပိုင်း(၉)နာရီအချိန်က ရန်ကုန် အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း သီရိမြန်မာ ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြကြောင်း သိရသည်။
May 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအုပ်စု- ပတ္တမြားကျေးရွာမှ အသက်(၁၉)နှစ် အရွယ် အမျိုးသမီးတစ်ဦးက အနံ့ပျောက်နေကြောင်း သတင်းပို့လာသဖြင့် ယနေ့ နံနက် ၁၀ နာရီခန့်က တကူ (စံပြ) တိုက်နယ်ဆေးရုံ သီးသန့်အဆောင်သို့ ခေါ်ယူ၍ တာဝန်ခံဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည်က ဦးဆောင်ကြီးကြပ်လျက် ဓါတ်ခွဲကျွမ်းကျင်(၄) ဒေါ်စုမြတ်မွန်မှ Covid-19 Antigen Rapid Test (RDT)ဖြင့် ချက်ခြင်း စစ်ဆေးပေးရာ Covid-19 ရောဂါပိုး ထပ်မံအတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။
May 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မွန်စာပေနှင့် ယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ယမန်နေ့က ရာမညနိကာယမွန်ကျောင်းဝင်းအတွင်း ကျင်းပသည်။
May 27,2021
နွားထိုးကြီးမြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရဖို့ ကျောင်အပ်နှံကြပါစို့ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး သီတင်းပတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း အောင်သူရိန် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 27,2021
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် မြို့နယ်ပညာရေးမှူးကိုယ်စား မချမ်းဘော့မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးဂျီယောနသန်တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားကြသည်။
May 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဦးနှင့် ဝန်ထမ်းများသည်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်(၉:၃၀) အချိန်ကစတင်၍ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက်များသို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
May 27,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို မေလ၂၇ရက် နံနက်၁၀နာရီ၃၀အချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမအတွင်း ကျင်းပ ပြုလုပ်ရာ မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းနှင့်မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဝင် ဌာနဆိုင်ရာဦးစီးမှူးများတက်ရောက်ခဲ့ကြသည်။
May 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစန်းထူးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မေလ ၃ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။