အမြို့မြို့အနယ်နယ်သတင်းများ

May 27,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲကအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာ ခန်းမတွင် ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ မြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
May 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်မှ အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးတတ်စေရန်၊ စာပေမှရရှိသော  အသိအမြင် ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
May 27,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ကျေးသီးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
May 27,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက်နာသူများအား ယနေ့နံနက်က မိတ္ထီလာ- ကျောက်ပန်းတောင်းသွားကားလမ်း မိတ္ထီလာကန်ကူးတံတားပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ် ခဲ့သည်။
May 27,2021
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-ကရွှေသောင်ယံတွင် (၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် မေလ (၂၄) ရက်နေ့ မှစတင်ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ မေလ(၂၆)ရက်နေ့အထိ ကျောင်းသား၊‌ ကျောင်းသူဦးရေ(၁၁၂)ဦး လာရောက် ကျောင်းအပ်နှံပြီး ကြောင်း သိရသည်။
May 27,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူ ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်း၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားနိုင်ရန်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီက အ.ထ.ကကျိုက်မရော (ပညာ့အားမာန်) ခန်းမ၌ပြုလုပ်သည်။