အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင်ငွေ-၂၀၀၀၀နှုန်းထောက်ပံ့ပေးအပ်မှုကို ယနေ့ နံနက်(၁၁) နာရီက စတင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ကြီးကြပ်၍ ရပ်ကွက်၊ ကျေးရွာများ အထိသွား ရောက် ထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။
Aug 14,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ တောင်ယမားဆည်ရေသောက်စနစ် ဧရိယာ အတွင်းရှိ တိုက်ရိုက်ရေပေးမြောင်းများ ပြုပြင်ခြင်းလုပ်ငန်းကို ကိုဗစ်-၁၉ ကာလ စီးပွားရေး ထိခိုက်မှု အပေါ်ပြန်လည်ကုစားမှုအစီအစဉ်အရ Cash For Work စီမံကိန်းမှ ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၃ရက်တွင် ခရိုင်ဆည်မြောင်းနှင့် ရေ အသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးမျိုးနိုင်နှင့် တာဝန်ရှိ သူများ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 14,2020
ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများအတွက် စျေး၊ စားသောက်ဆိုင်၊ လက်ဖ္ဘက် ရည်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခြင်း ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေး အဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာ၌ ဘီးလင်းမြို့ မင်္ဂလာစျေး အတွင်း ဈေးရောင်း၊ ဈေးဝယ်နေကြသူများအား Mask များတပ်ဆင်ထားခြင်းရှိ၊ မရှိ စစ်ဆေးခဲ့ကြပြီး Mask များ စနစ်တကျ တပ်ဆင်ရေးပညာပေးဆောင်ရွက်ခဲ့ကြသည်။
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ရမည့် မဲဆန္ဒရှင်ပြည်သူများအား မဲစာရင်းသွားရောက် ကြည့်ရှုစစ်ဆေးကြရန် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုပရဟိတအသင်းအဖွဲ့များ ပူးပေါင်းကာ ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ စုစုပေါင်း ၂၁ ရက်ကြာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အသိပညာပေး ဖျော်ဖြေရေးကားဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
Aug 14,2020
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေများအား ယမန်နေ့ နေ့လယ်ပိုင်းက ခွေးမလောင်နှင့် ကြောင်သိုက်ကျေးရွာများတွင် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် ၁၃၆၀ စင်တီမီတာရှိရာ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်၌ အသက်(၆)လမှ (၅)နှစ်အောက် ကလေးများ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။