အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘိုနိုင် ဦးဆောင်၍ ဝန်ထမ်းများက ဓမ္မိကာရုံ ကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
Aug 13,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းရှိ ဆင်ဝန်ထမ်းများနှင့် ဆင်များအတွက် The Nature Conservancy (T.N.C) မိသားစု မှ ထောက်ပံ့ငွေများ လှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဆင်စခန်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 13,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း သတ်မှတ်စည်းကမ်း များနှင့် အညီဈေးရောင်း၊ ဈေး၀ယ်ပြုလုပ်ရေးနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်က စျေးနှင့် သား သတ်ဌာနစိတ်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 13,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းနှင့် ဝင်ငွေများ တိုးပွားလာ စေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ(V‌RFP)စီမံကိန်းနှင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁၃)ရွာတို့အတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို သြဂုတ်(၁၂)ရက် နံနက်(၁၀)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက အဖွင့်အမှာစကားပြောကြားပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က တိုင်းဒေသကြီးအတွင်း အာဟာရဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးသည်။
Aug 13,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းများ ၂၀၃၆၀ အိမ်ထောင်စုအတွက် နိုင်ငံတော်အစိုးရမှ ငွေကျပ် ၂၀၀၀၀ ကျပ်နှုန်းစီ ထောက်ပံ့ပေးအပ်ခြင်းကို သြဂုတ်(၁၂)ရက်နေ့ နေ့လယ်(၁)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ သည်။
Aug 13,2020
မော်လမြိုင်ခရိုင် ကျိုက်မ​ရောမြို့နယ်၊လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးသန်းထိုက်နှင့်ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုက​ရေစီ ​ရွေး​ကောက်ပွဲတွင် မဲဆန္ဒရှင် စာရင်း ၌အမည်ပါဝင်ပြီး မှတ်ပုံတင်နံပါတ်ဖြည့်သွင်းရန် ကျန်ရှိသူများအား မှန်ကန်မြန်ဆန်စွာ ပြန်လည် ဖြည့်သွင်း နိုင်​ရေးအတွက်နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ​ဆောင်ရွက်​ပေးခြင်းကို ယမန်​နေ့​နေ့လည်က ​ကော့က​လော့​ကျေးရွာနှင့်လှကဇိုင်း​ကျေးရွာတို့၌အရှိန်အဟုန်မြှင့်​ကွင်းဆင်း​ဆောင်ရွက် ​ပေးလျက်ရှိ​ကြောင်း သိရသည်။