Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီး သရက်မြို့၌မြို့ပေါ်ရှိ သာသနာ့အနွယ်ဝင် သီလရှင်(၅၈)ပါးအား ကျောင်းတိုက်များအရောက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ သွားရောက်လှူဒါန်း…
Aug 04,2020
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ယမန်နေ့ နံနက်(၈)နာရီက မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သီလရှင်( ၅၈)ပါးတို့အား ဆင်ဖြူတော်ကျောင်းတိုက်ဆရာတော် ဦးဆောင်၍ အကျိုးတော်ဆောင်များက ရပ်ကွက် အသီးသီးမှ အလှူရှင်စေတနာရှင်များ စုပေါင်း၍ လစဉ်လပြည့်နေ့တိုင်းလှူဒါန်းသည့် ဆွမ်းဆန်နှင့် လှူဖွယ် ဝတ္ထုများ ကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နေသည့် ကာလတွင် မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ် မြပြည်တံတား မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယာယီလမ်းလွှဲ ရေကျော်သဖြင့် တံတားသစ်မှ အမြန်ဆုံးသွားနိုင်ရေး ဆောင်ရွက်
Aug 04,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် နောင်လုံအရှေ့ကျေးရွာအုပ်စု မြပြည်ကျေးရွာအနီးရှိ မြပြည်တံတားအား တံတားအသစ်တည်ဆောက်နေစဉ် ယာယီလမ်းလွှဲပြုလုပ်ထားသောလမ်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများစီးဆင်းမှုကြောင့် လမ်းလွှဲနေရာ ရေကျော်ခဲ့ပြီး ယာဉ်ကြီးယာဉ်ငယ်များ သွားလာ၍မရတော့သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်စေရေး ယမန်နေ့နံနက်ပိုင်းအချိန်တွင် တံတားအသစ်မှ သွားလာနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေး
Aug 04,2020
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူထားသော မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ် လစ်လပ်နေမှုများအား ကွက်လပ် ဖြည့်သွင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည်က မြောင်းမြမြို့နယ်၊ ဘုရားချောင်းကျေးရွာ အုပ်စုအတွင်း၌ လဝကမှူး ဒေါ်အေးအေးနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အာဟာရကြက်သားဆန်ပြုတ်နှင့် သောက်ရေသန့်များထောက်ပံ့ပေးအပ်
Aug 04,2020
စစ်ကိုင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကြီးနှင့် ခုတင်(၂၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီး၌ တက်ရောက်ကုသနေသည့် လူနာ များနှင့်လူနာစောင့်များအား ယမန်နေ့ ညနေ(၄) နာရီခွဲက အာဟာရကြက်သား ဆန်ပြုတ်နှင့်သောက်ရေသန့်များ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ သည်ကိုသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် “စင်လကု” (Sinlaku) အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်ပြိုလဲကာ နေအိမ်တစ်ချို့ပျက်စီး
Aug 04,2020
ကော့သောင်းမြို့တွင် သြဂုတ်လ ၃ နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲကာ မြို့ပေါ်ရပ်ကွက်တစ်ချို့နှင့် ကျေးရွာတစ်ချို့ရှိ လူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် ဓမ္မစကြာအခါတော်နေ့၌ ပရိယတ္တိမာမကပုဂ္ဂိုလ်များအဖွဲ့မှ စုပေါင်း၍ (၄၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပ
Aug 04,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပေါင်းတည်မြို့နယ်တွင် ဓမ္မစကြာအခါတော်နေ့၌ ပရိယတ္တိမာမက ပုဂ္ဂိုလ်များအဖွဲ့မှ စုပေါင်း၍ (၄၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းနှင့် ဓမ္မပူဇာဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉နာရီက ရွှေကျောင်းကြီးတိုက်အတွင်းရှိ မြို့နယ်သံဃနာယကအဖွဲ့ရုံး အာဂမဇောတိကာရုံ စာသင်တိုက် သာသနာဝိပုလာကာရီဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်၌ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး စပါးစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြ
Aug 04,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး လက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းကို တောင်သူဦးဘစံ ကွင်းအမှတ်(၁)၊ ဦးပိုင်(၃၇)၊ စိုက်ဧက ၃ ဧက၌ ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင်လဲကျပြီး နေအိမ်နှစ်လုံးပျက်စီး
Aug 04,2020
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် အုန်းပင်လဲကျပြီး လူနေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30232
Page
30233
Page
30234
Page
30235
Current page
30236
Page
30237
Page
30238
Page
30239
Page
30240
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department