အမြို့မြို့အနယ်နယ်သတင်းများ

Mar 24,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဗီတာမင်-အေအားဆေးနှင့်သန်ချဆေး တိုက်ကျွေးခြင်းများကို မတ် ၂၄ ရက်နေ့ နံနက် ၉ နာရီက စံပြရပ်ကွက်၊ ဆွမ်းလောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
Mar 24,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) မှ ကြီးမှူး၍ မြို့နယ်အဆင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ရပ်ကွက် (၁) ၊ အောင်ဆန်းစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ကော်မတီဝင်များ၊ ကြက်ခြေနီအသင်းသား/ အသင်းသူများ တက်ရောက်ခဲ့ကြသည်။
Mar 24,2026
တနင်္သာရီတိုင်းဒေသကြီး၊   မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များအား ပြသဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင်ဒေသထွက်အုန်းသီးလုံးရိုင်း ဈေးများ မကောင်း၍ အုန်းခြံပိုင်ရှင်များနှင့် အုန်းသီးဝယ်ရောင်းသမားများ အခက်ကြုံတွေ့နေသော်လည်း အုန်းဆီချက်ရောင်းချ၍ ဝင်ငွေရှာသူများ ရှိလာကြောင်းသိရသည်။
Mar 24,2026
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ကျင်းပပြုလုပ်သည်။
Mar 24,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီတို့ ပူ​ပေါင်းကျင်းပသည့် AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်​နေ့ နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) မြို့နယ်၌ ပြုလုပ်သည်။
Mar 24,2026
ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကဗျာရေးစပ်ခြင်း အခြေခံသဘောတရားများကို သိရှိနားလည်စေရန်၊ ကလေးငယ်များ စဉ်းစားတွေးခေါ်မှု အားကောင်းပြီး ဉာဏ်ရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံကဗျာရေးစပ်နည်းသင်တန်းကို မတ် ၂၃ ရက်နေ့က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
Mar 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီ အချိန်၌ ဘိုကလေးမြို့နယ် အမှတ်(၁)ရပ်ကွက် ဓမ္မာရုံတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသခြင်းတို့ ဆောင်ရွက်ကြသည်။