အမြို့မြို့အနယ်နယ်သတင်းများ

May 13,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးစရိတ် တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပသည်။
May 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 13,2026
၂၀၂၆-ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေလ ၁၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသည်။
May 13,2026
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသတွင်းစိမ်းလန်းစိုပြည်ရေးအတွက် တာပွန်မြို့၊ တောင်ပိုင်းရပ်ကွက်၊ မင်းတဲလမ်း ယာယီပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း(၅၁၀၀၀) ပျိုးထောင်ထားရှိပြီး မြို့နယ်အတွင်း စိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်ထားရှိသည်။
May 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန် အမှတ်(၂) ရပ်ကွက်၊ မီးသတ်ရုံးအနီး၌ ယမန်နေ့ နံနက်ပိုင်းက စားအုန်းဆီများ ရောင်းချပေးခဲ့သည်။
May 13,2026
၂၀၂၆-ခုနှစ် မိုးရာသီကာလတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေစေရေး၊ အရိပ်ရရေးနှင့်သီးပင်စားပင်များပါမကျန် စိုက်ပျိုးစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ ညောင်ပင်သာပျိုးဥယျာဉ်နှင့် ငမြွေပျိုး ဥယျာဉ်တို့တွင် သစ်ပျိုးပင်(၄၀၀၀၀)စီ  စုစုပေါင်း သစ်ပျိုးပင်ပေါင်း (၈၀၀၀၀)ကို ပျိုးထောင် ထားကြောင်း သိရသည်။
May 13,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးဧက(၁၀၀၀)အား ကန် ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်ရန်နှင့် စပါးစိုက်ပျိုးရာ၌ တစ်ဧကအထွက်နှုန်းတိုးတက်‌စေရေးအတွက် မေ(၁၂)ရက် မွန်းလွဲပိုင်းက ကျောက်ဖျာကျေးရွာရှိ OK ရတနာ အဆင့်မြင့်ဆန်စက်တွင် ဌာနဆိုင်ရာများမှ တောင်သူများအား ပညာပေးဆွေးနွေးကြသည်။
May 13,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၊ရှေးဟောင်းသုတေသနနှင့်အမျိုး သားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ၊  ညွှန်ကြားရေးမှူးဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်းအမှုထမ်းများ၊အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI)အဖွဲ့က မေ ၁၃ ရက် နံနက် ၁၀နာရီက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။