အမြို့မြို့အနယ်နယ်သတင်းများ

Mar 26,2025
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ရာ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။
Mar 26,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးမှူးကျင်းပပြုလုပ်သော ဂုဏ်ယူဖွယ်ရာ မြန်မာ့သနပ်ခါးလှုပ်ရှားမှု အခမ်းအနားအလွတ်တန်း စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 26,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ်   သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများသို့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Mar 26,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်  အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်လင် မူလတန်းကြိုကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်သက်သက်ဝင်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။
Mar 26,2025
၂၀၂၅ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၀)နာရီက မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (ကံမ)၌ စွမ်းရည်မြှင့်သင်တန်း တက်ရောက်နေကြသည့် ဆရာ ဆရာမများအား ဖြန့်ဝေပေးခဲ့ကြသည်။
Mar 26,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နေအိမ်ခြံဝင်းများအတွင်း မြေအောက်ရေတင်စိုက်ပျိုးသော ဒေသထွက်ဂန္ဓမာပန်းများ ရောင်းအားကောင်း၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်ပျိုးသူများထံမှ သိရသည်။
Mar 26,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်(မြို့နယ်အဆင့်) အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်ကြားပို့ချခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က(ခွဲ)အခြေခံပညာအထက်တန်းကျောင်းတို့၌ သင်ကြားပို့ချလျက်ရှိသည်။