သံတောင်ကြီးမြို့တွင် မြေပြိုဘေးကြောင့်ပျက်စီးခဲ့သည့်နေအိမ်(၈)လုံးနှင့်သေဆုံးသူ ဒဏ်ရာရသူများ၏ မိသားစုဝင်များအားထောက်ပံ့
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဩဂုတ်လ(၅)ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်မြေပြိုကျမှုနှင့် တောင်ကျချောင်းရေနှင့်အတူ နှုန်းမြေများတိုက်စားမှုဖြစ်ပေါ်၍ လူနေအိမ် (၈)လုံး သေဆုံးသူ(၈)ဦးနှင့် ဒဏ်ရာရသူများ၏ မိသားစုဝင်များအားဘေးအန္တရာယ်ဆိုင်ရာ စီမံခန်းခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။