ရှမ်းပြည်နယ်

မိုးနဲမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး မှန်ခုံးတပ်ဆင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မြို့တွင်းမောင်းနှင်သွားလာလျက်ရှိသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ လုံခြုံစိတ်ချမှုရရှိစေရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှုရှိစေရေးအတွက် မောက်မယ်သွားလမ်းနှင့် အ.ထ.ကလမ်းဆုံနေရာတွင် မှန်ခုံးများတပ်ဆင်‌ပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ရက်(၁၀၀)စီမံချက်ဖြင့် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ရက်(၁၀၀)စီမံချက်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား/သူလေးများအား လူငယ်နှင့်အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်‌ပေးခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDများ ပြုလုပ်ပေးခြင်းကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ပါသည်။

လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၂/၂၀၂၆) ဒုတိယအကြိမ် ဆင်းပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အသေးစားအငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၂/၂၀၂၆) ဒုတိယအကြိမ် ဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၂ ရက်က လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန Community  Centre ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ကျိုင်းလပ်မြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၆ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကားလက်ဆောင်များကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာကျောင်းများနှင့် ဈေးဆိုင်များသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဟိုမိန်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း (ပန်သပြေ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတောင်းမြို့၌ အငြိမ်းစားပင်စင်လစာငွေများ စနစ်တကျထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ မြန်မာ့စီးမွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားပင်စင်ဝန်ထမ်းများမှ အေးချမ်းစွာလာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ကျိုင်းတောင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ တ.တ.က(၃)တပ်တွင် ယမန်နေ့ နံနက် ၆ နာရီခွဲတွင် ပထမအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်‌ရေး စာဖတ်ဝိုင်းကျင်းပ

စာအုပ်စာပေဝါသနာပါသူ(Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ အောင်သင်း၏ “လူငယ်ရဲ့ ဘဝတန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇွန်လ ၂၁ ရက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်