တာချီလိတ်မြို့၌ အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်းဖွင့်လှစ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးကျင်းပသည့် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်ရှိ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။