ရန်ကုန်တိုင်းဒေသကြီး

သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဥ်ကြောလမ်းများ မပိတ်ဆို့စေဘဲ ကျောင်းသား/ ကျောင်းသူများ ယာဥ်အန္တရာယ်ဖြစ်ပွားမှုမရှိစေရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများကို နေ့စဥ်ဆောင်ရွက်လျက်ရှိ

ကျောင်းသား/ ကျောင်းသူများ ယာဥ်အန္တရာယ်ဖြစ်ပွားမှုမရှိစေရန်နှင့် ယာဥ်ကြောများ ပိတ်ဆို့မှုမရှိစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၈) အ.ထ.က ကျောင်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။

လမ်းမတော်မြို့နယ် အ.လ.က (၁) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ.လ.က (၁) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း မြမာလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အလယ်ရွာမီးပွိုင့်၊ ခရေပင်လမ်းမကြီးတွင် ယာဥ်ကြောလမ်းများ မှန်ကန်စွာမောင်းနှင်စေရန် ကွင်းဆင်းဆောင်ရွက်

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက အလယ်ရွာမီးပွိုင့်၊ ခရေပင်လမ်းမကြီးတို့တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။

ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမှ၌ မသိမဖြစ် AI နည်းပညာအကြောင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်းကျင်းပခဲ့သည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန်-တွံ​တွေးလမ်းမ​ကြီးတွင် ယာဥ်ကြောလမ်းများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်​မြှင့်ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈) နာရီက ရန်ကုန်-ပုသိမ်လမ်းမကြီး နည်းပညာတက္ကသိုလ်လမ်းဆုံတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

အင်းစိန်မြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိ‌ပြီး စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ပြည်သူများနှင့် စာသင်‌ကျောင်းများအရောက် စာအုပ်များသွားရောက်‌ဌားရမ်းပေးလျက်ရှိရာ ယနေ့တွင် အင်းစိန်မြို့နယ်‌ သစ်တောဦးစီးဌာနနှင့် ကြိုကုန်းအရှေ့ရပ်ကွက်များသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

သန်လျင်မြို့ကျိုက်ခေါက်စေတီ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပခဲ့သော ဗုဒ္ဓပူဇနိယပွဲတော် ပဌာန်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ (၄) နာရီတွင် စေတီတော်ရင်ပြင်ရှုခင်းသာတန်ဆောင်း၌ ကျင်းပခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဘောလီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

အလုံမြို့နယ်၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း (၂) နာရီအချိန်က စာရေးဆရာကလောင်စုံရေးသားသည့် “‌ယောက်ျားတံခွန်လူရည်ချွန်” စာအုပ်ဖြင့် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။ ‌
Subscribe to ရန်ကုန်တိုင်းဒေသကြီး