သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတော်မြတ်ကြီး (၁၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီ၌ နှစ်စဥ်ကျင်းပမြဲဖြစ်သည့် (၁၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ နှစ်ဦးဓမ္မပူဇာ၊ နှမ်းမနဲပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားအား ၁၃၈၇ ခုနှစ် တပို့တွဲလဆန်း ၆ ရက်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ယမန်နေ့ ညနေချမ်းအချိန်က စေတီတော်ရင်ပြင် စနေထောင့် မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။