မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားတွင် တပိုတွဲလပြည့် မြန်မာ့သနပ်ခါးပွဲတော်နေ့ ပြုလုပ်
မြန်မာ့သနပ်ခါးချစ်သူများ စုပေါင်းကျင်းပသော တပိုတွဲလပြည့် မြန်မာ့သနပ်ခါးပွဲတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သနပ်ခါးတစ်တုံး အခမဲ့လက်ဆောင်ယူပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက် (တပိုတွဲလပြည့်) နေ့က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား၊ ရွှေကျောင်းတော်ကြီးအနီး အရှေ့ဘက်မုဒ်ဦးတွင် ပြုလုပ်ကြသည်။