မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့ သုခပြည့်စုံဆေးရုံ၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလန့်မှု၊ မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက်၊ လူနေရပ်ကွက်များနှင့် အစိုးရဌာနအဆောက်အဦများ၊ ကျောင်းများ၊ ပုဂ္ဂလိကဆေးရုံနှင့် အလုပ်ရုံများကို ကွင်းဆင်းအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီက သီရိမင်္ဂလာရပ်ကွက်ရှိ သုခပြည့်စုံဆေးရုံတွင် မီးဘေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မြင်းခြံမြို့ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်း‌ဒေသကြီး မြင်းခြံမြို့၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြင်းခြံမူလတန်းကြိုကျောင်း၏ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

မိတ္ထီလာ သူနာပြုသင်တန်းကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီ မိတ္ထီလာမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က သူနာပြုသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် နွားနို့ဈေးကောင်းရ၍ ရောင်းအားကောင်းသဖြင့် မိသားစုအပိုဝင်ငွေများ တိုးပွားရရှိ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ဗမာနို့စားနွားမွေးသူတောင်သူ ဦးကြီးများအနေဖြင့် ယခုနှစ် ၂၀၂၆ ခုနှစ်တွင် ဗမာနို့စားနွားမများမွေးမြူကြရာ နွားနို့ဈေးများ ကောင်းမွန်ကာ ဝယ်လိုအားကောင်းသဖြင့် ရောင်းအားကောင်းကာ မိသားစုအပိုဝင်ငွေများ တိုးပွားလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများ၊ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေး

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မပေါ်ပေါက်စေရေးအတွက် ယနေ့နံနက်ပိုင်းကစတင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံးရေးသားနည်းသင်တန်း ဆက်လက် သင်ကြားပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာစီစာကုံးရေးသားရာတွင်အခြေခံရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံးရေးသားနည်းသင်တန်း ဆက်လက်သင်ကြားပို့ချခဲ့သည်။

ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ရွှေဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ၊ မရှိကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော  ရွှေဆိုင်များအား နိုင်ငံတော်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၂၀ ရက် နံနက် ၁၀ နာရီက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးရေမြောင်း ၃  မြောင်းဖြင့် နွေနှမ်း ၁၀၄၅၉ ဧက စိုက်ပျိုးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေသီးနှံမျိုးစုံအား ဆည်ရေကို အဓိကအားထား၍ စိုက်ပျိုးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စိုက်ပျိုးရေမြောင်း ၃ မြောင်းဖြင့် နွေနှမ်း ၁၀၄၅၉ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင်းခြံမြို့ အမှတ် ၁၃ ရပ်ကွက်၌ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် ၁၃ ရပ်ကွက်၌ ယနေ့နံနက် ၃ နာရီခွဲက မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်​မြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ၏ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အနုပညာအခြေခံကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး