မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအဆင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး ဆင့်ပွားဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (တိုင်းဒေသကြီးအဆင့်) ဆင့်ပွားဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်၌ ယခုနှစ် မိုးကြိုသီးနှံစိုက်ပျိုး ရာသီတွင် မိုးကြိုချည်မျှင်ရှည်ဝါ ၂၁၂၅ ဧက လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ရေရရှိရေးနည်းလမ်းများအလိုက် နွေသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကူမဲရှေ့တန်းစခန်းနှင့် မိုင်းမောရှေ့တန်းစခန်းတို့တွင် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ယခုနှစ် မိုးကြိုသီးနှံချည်မျှင်ရှည်ဝါ ၂၁၂၅ ဧက လျာထားစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကြီးကျေးရွာ၊ မဟာရွှေသိမ်တော် မြတ်စွာဘုရားဝင်းအတွင်းရှိ ကေသီဦးဓမ္မာရုံ၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။    

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ် ၁၉ ရက်နံနက် ၁၀ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့်  အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီ အခြေခံအားကစားသင်တန်း ဆင်းပွဲကို မတ် ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြိုနယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့ ပေါ်ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးသတိမူရေးအတွက်အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးသတိမူရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ မွန်းတည့် ၁၂ နာရီက အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ မီးလောင်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့သည့်အိမ်ထောင်စုခြောက်စုအား ကူညီကယ်ဆယ်ရေးပစ္စည်းများပေးအပ်

မိတ္ထီလာမြို့၌ မီးလောင်မှုကြောင့်နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုခြောက်စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းကပံ့ပိုးပေးပို့သော ကူညီကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ရန်မျိုးအောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ် စာစောင်ပြပွဲကျင်းပ

ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  မတ် ၁၉ ရက် မွန်းလွဲ ၂ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့မရဲစခန်း၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိများအား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့မရဲစခန်း၌ ယနေ့ နံနက် ၉ နာရီက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြခြင်းနှင့် ရဲစခန်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းအဆောက်အအုံပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများပါဝင်သောအဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ASI အဖွဲ့က ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ရှေးဟောင်းအဆောက်အအုံအမှတ် -၁၆၇၀ (မဟာဗောဓိ)ဂူဘုရားရှိ ဆောင်ရွက်နေမှုအခြေအနေများကို မတ်လ ၁၉ ရက်၊ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး