ဧရာဝတီတိုင်းဒေသကြီး

ညောင်တုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(မြန်မာစာ)ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(မြန်မာစာ)ကို မတ် ၁၁ ရက်နေ့ နံနက်၉နာရီက‌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။ 

လပွတ္တာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား အေးချမ်းစွာစတင်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန (၈) ခုတို့၌ မတ် ၁၁ ရက်နေ့နံနက် ၉ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအေးချမ်း‌ပျော်ရွှင်စွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ (၂၀၂၆) ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၉၉၄) ဦး ဝင်ရောက်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ် ၁၁ ရက်နေ့ နံနက်(၉) နာရီကစတင်၍ မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။

ငပုတောမြို့နယ် မယ်သီလကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား အလှူရှင်များက ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တောင်ကလေးကျေးရွာအုပ်စု မယ်သီလကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက အလှူရှင်များက ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြံခင်းမြို့၌ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေး အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာ သုံးစွဲရေးအတွက် သတ်မှတ်ထားသည့် စုံရက်၊ မရက်များအလိုက် ယာဉ်များမောင်းနှင်နိုင်စေရေး အသိပညာပေးကို ယမန်နေ့က မြို့မရပ်ကွက်၊ လမ်းမတော်လမ်းနှင့် မက်သနောလမ်း ဗုဒ္ဓတစ်ထောင် အကောက်တောင်မုခ်ဦးရှေ့တို့တွင် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ကြသည်။

ကြံခင်းမြို့နယ်၌ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့်စာဖြေဌာနများ ပြင်ဆင်ဆေင်ရွက်ထားရှိမှုအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်မည့် စာဖြေဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကြသည်။

ဒေးဒရဲမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ကျင်းပမည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် (အ.ထ.က) နောက်ပြန်တိုး စာစစ်ဌာန  ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးရွယ်အိုများအား သွားတု(အံကပ်)တပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ လူနာများအား အထူးခွဲစိတ်ကုသခြင်းများ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပန်းဘဲတန်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာ၏ ဦးဆောင်ပံ့ပိုးမှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ဟင်္သာတခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများအား သွားတု (အံကပ်) တပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမှုများ ဆောင်ရွက်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး