ဧရာဝတီတိုင်းဒေသကြီး

လပွတ္တာမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများတွေ့ဆုံရှင်းလင်းပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ တွေ့ဆုံရှင်းလင်းပွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျုံပျော်မြို့ ပါ‌မောက္ခ ဦးအေးမောင်လမ်းအား တစ်လမ်းမောင်းစနစ်အဖြစ် စတင်ပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့တွင် ယာဉ်ကြောကြပ်တည်းမှု အန္တရာယ် ဖြေလျှော့နိုင်ရေးအတွက် မြဝတီရပ်ကွက်ရှိ ပါမောက္ခ ဦးအေးမောင်လမ်းအား တစ်လမ်းမောင်းစနစ်အဖြစ် စတင်ပညာပေးဆောင်ရွက်ခြင်းကို မတ်လ ၉ ရက်နံနက်က တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၅) ရပ်ကွက်၊ ၁၃ ဖြတ်လမ်း (လမ်းမတော်လမ်း မှ ဗန္ဓုလလမ်း အထိ) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဘိုကလေးမြို့နယ်ရှိ ရွာတန်းရှည်-(ဖျာပုံ-ဘိုကလေး) ကားလမ်း ကွန်ကရစ်လမ်းသစ် တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဘိုကလေးမြို့နယ်၊ ဟိုင်းစီကျေးရွာအုပ်စု၊ ရွာတန်းရှည် ကျေးရွာနှင့် ဖျာပုံ-ဘိုကလေးကားလမ်းသို့ဆက်သွယ်ခင်းကျင်းခဲ့သည့် ရွာတန်းရှည်-(ဖျာပုံ-ဘိုကလေး)ကားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် (၁၀) နာရီအချိန်၌ အဆိုပါကွန်ကရစ်လမ်းသစ်တွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦအောင်စန်းချစ်တို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ မော်တော်ယာဥ်များ စက်သုံးဆီချွေတာနိုင်စေရေး အသိပညာပေး ကွင်းဆင်းဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်လျက်ရှိသည့် မော်တော်ယာဥ်များ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ စက်သုံးဆီချွေတာနိုင်စေရေးနှင့် ယာဥ်အသုံးပြုမှု ကန့်သတ်ချက်များ သိရှိနိုင်စေရေး မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာ နေရာများနှင့် ဒေးဒရဲတံတားတို့တွင် အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ယမန်နေ့ညနေ (၄) နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ လမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ လမ်းညွှန်ချက်များမှာကြားခြင်းနှင့် စာဖြေသူများ လိုက်နာရမည့်စည်းကမ်းချက်များ ရှင်းလင်းမှာကြားခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၊ ဖူဆယ်အားကစားရုံတွင် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် Royal Star အသင်းနှင့် Danger Boy အသင်းတို့ ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စက်သုံးဆီသုံးစွဲမှုခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် စက်သုံးဆီသုံးစွဲမှု ခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၆) ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

မြန်အောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစား သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစားသင် တန်းဖွင့်ပွဲအခမ်းအနားကို ယ‌မန်နေ့မွန်းလွဲပိုင်းက အောင်ဇေယျအားကစားခန်းမ၌ ကျင်းပသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး