ဓနုဖြူမြို့နယ်၌ စက်သုံးဆီခြိုးခြံ ချွေတာရေးနှင့် ဖူလုံမှုရှိစေရေး အလေးထား လိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး စုံရက်၊ မရက်ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်စေမည့်စနစ်အား ယာဉ်အသုံးပြုသူများ အလေးထားလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းကို ယနေ့ မတ်လ ၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်-ဟင်္သာတကားလမ်းပေါ်ရှိ မီးပွိုင့်လမ်းဆုံနှင့် မြို့ဝင်ဘုရားလမ်းတို့၌ ဆောင်ရွက်ခဲ့သည်။