ဟုမ္မလင်းမြို့တွင် မဲစာရင်းများမှန်ကန်စေရေး တစ်အိမ်တက်ဆင်းစနစ်ဖြင့် မြေပြင်ကွင်းဆင်းကောက်ယူမှုအား လိုက်လံစစ်ဆေး
ဟုမ္မလင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး မြေမြင်တစ်အိမ်တက်ဆင်း Door to Door ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာ (၃၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဟုမ္မလင်းရပ်ကွက်၊ နောင်ပကျစ်ရပ်ကွက်၊ ခိုပဲဝရပ်ကွက်တို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။